NUG News

NUG News

ICC တရားရုံးတရားခံမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို တရားဝင်မှု မပေးမိစေရန် NUG က နိုင်ငံတကာကို တိုက်တွန်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၄

 

နိုင်ငံတကာရာဇဝတ်တရားရုံး ICC တွင် တရားခံအဖြစ် မင်းအောင်လှိုင်က တရားရင်ဆိုင်ရန် နီးကပ် လာနေပြီဖြစ်၍ စစ်ခေါင်း ဆောင်နှင့် အပေါင်းအပါများကို တရားဝင်မှု မပေးမိစေရန် အမျိုးသားညီ ညွတ်ရေးအစိုးရ-NUG က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းပြောဆိုလိုက်သည်။

 

ယနေ့ ထုတ်ပြန်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် တွင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

 

နိုင်ငံတကာခုံရုံးတွင် ရာဇဝတ်ကောင် တရားခံအနေဖြင့် တရားရင်ဆိုင်ရန်နီးကပ်လာနေပြီဖြစ်သည့် စစ်ကောင်စီခေါင်းဆောင်နှင့် အပေါင်းအပါများကို ၎င်းတို့ အလွန်တောင့်တနေသည့် တရားဝင်မှုကိုမ ပေးမိကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ဖြစ်နိုင်ချေရှိသည့် အ ဖြေကို ရှာဖွေရာတွင် အိမ်နီးချင်းနိုင်ငံများ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းမှုများကို ကြိုဆို ကြောင်း၊ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး နှင့်ဗြိတိန်ဝန်ကြီးဟောင်း ၃ ဦးတို့က ဒေါ်အောင်ဆန်း စုကြည် ကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုအတွက် ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံများ တွေ့ဆုံဆွေးနွေးမှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဆွေးနွေးမှုက ပြဿနာကိုမပြေလည် စေဘဲ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ကို ပိုဆိုးရွားလာစေရန် အားပေးသလို ဖြစ်စေနိုင်သည်ကို စိုးရိမ်မိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံသားများ က ဦးဆောင်မှု (Myanmar-owned ၊ Myanmar-led) ဆိုသည်မှာ အကြမ်းဖက် စစ်ကောင်စီနှင့်သာ စကားပြောခြင်းကို ဆိုလိုခြင်းဖြစ် သလားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ မြန်မာ့အရေးကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ မတူညီသောသက်ဆိုင်သူများအားလုံး နှင့် ကျယ် ပြန့်စွာဆွေးနွေးတိုင်ပင်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ Stakeholderများ\ ယုံကြည်မှုကို ပျက် ပြားစေမည့် လုပ်ရပ်များကို သတိထားရှောင်ကြည်ကြရန် သတိပေးလိုကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောဆိုသည်။

 

“ဒီကြိုးပမ်းလုပ်ဆောင်မှုများဟာ ကျနော်တို့ မြန်မာပြည်သူများ၏ ဆန္ဒ အကျိုးစီးပွားနှင့် အညီ ဖြစ် သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်ဒီလုပ်ငန်းစဉ်ကို စစ်အာဏာရှင်တွေက သူတို့အမြဲလုပ်ခဲ့သလို သူတို့ရဲ့ အကျိုးအမြတ်အတွက် ကြိုးကိုင်ခြယ်လှယ်ပြီးအဆုံးမှာ မြင်သာထင်သာတဲ့ရလဒ်တွေ ထွက်ပေါ်လာ မှာ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံများရဲ့ကြိုးပမ်းမှုအလဟသဖြစ်သွားနိုင်ပါတယ်” ဟု အမျိုးသား ညီ ညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...