NUG News

NUG News

ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေအတူချိတ်ဆက်ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကြရန် NUG ဖိတ်ခေါ်

 

Than Lwin Myanmar

နိုဝင်ဘာလ ၂၅

 

ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုတွေ အတူချိတ်ဆက်ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီ ကို တိုက်ထုတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဖိတ်ခေါ်လိုက်ပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့မှာ ကျနေရာက်တဲ့ “(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” ဂုဏ်ပြုသဝဏ်လွှာတွင် ထည့် သွင်းဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။

 

နွေဦးတော်လှန်ရေးအတွင်း ပြန့်ကျဲလျက်ရှိတဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေအနေနဲ့ အမျိုး သား ညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းတွေနဲ့ အတူ ချိတ်ဆက် ပူးပေါင်းပြီး စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာနဲ့ စနစ်တကျ တွန်းလှန်ရေး၊ ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် အတူကြိုးစားကြရေး ဖိတ်ခေါ် ပန်ကြား တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင် အောက်မှ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်တဲ့အထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွကျောချင်းကပ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။

 

တိုင်းရင်းသားပြည်သူလူထုအပေါ် လူမဆန်စွာ ရက်စက်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဖက်ဆစ်စစ် တပ်ကို တောင်တန်းမြေပြန့် တိုင်းရင်းသား ပေါင်းစုံနဲ့ မြန်မာပြည်သူလူထု တရပ်လုံးက ရရာလက် နက် စွဲကိုင်ပြီး အပြီးသတ်အမြစ်ဖြတ် ခုခံ တွန်းလှန်ကာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်မှန်းကာ နွေဦး တော်လှန်ရေးကြီးကို ဆင်နွဲနေ ကြတာဖြစ်ပါတယ်။

 

မြန်မာ တနိုင်ငံလုံးရှိ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော် လှန်ရေး တပ်ဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်း မော်ကွန်းအသစ်စိုက်ထူရေးထိုး တွန်းလှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေး အနက်ထား တိုက်တွန်းထားပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်မဖြစ်မြောက်စေရန်အတွက် ကရင်မျိုးသားရဲတပ်ဖွဲ့က အတူ တကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၃၄ ကြိမ်မြှောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက အသိပေးထား...