NUG အစိုးရတွင် လွတ်မြောက်နယ်မြေများရရှိနေပြီဖြစ်ပြီး မြေပြင်ရဲဘော်များနှင့် လှည့်လည် တွေ့ ဆုံစဉ် စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းသည့် တပ်ရင်း၊ တပ်ဖွဲ့ အမြောက်အများ တွေ့ရှိရဟု NUG ကာကွယ်ရေးဝန်ကြီး ပြော
D Day News
မေလ ၅
NUG အစိုးရတွင် လွတ်မြောက်နယ်မြေ အမြောက်အများရှိနေပြီဖြစ်ပြီး မြေပြင်ရဲဘော်များနှင့် လှည့်လည်တွေ့ဆုံစဉ် မှုအတွင်း စစ်ပုံကျရုံမက တိုက်ခိုက်ရည်ခိုက်ရည်ကောင်းသည့် တပ်ရင်းတပ်ဖွဲ့ အမြောက်အများတွေ့ရှိရကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးရဲဘော်များထံ ပေးပို့သော သဝဏ်လွှာ၌ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီလပိုင်းတွေအတွင်း ကျွန်တော်အနေနဲ့ ဒေသစုံ လှည့်လည်သွားလာပြီး မြေပြင်ရဲဘော်တွေနဲ့ ဆက် တိုက် တွေ့ဆုံခဲ့တယ်။ ကျွန်တော့်အတွက် အံ့သြဂုဏ်ယူရတာက စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည် ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြား ရှိနေပြီဆိုတဲ့ အချက် ဖြစ်တယ်။ အထူး သဖြင့် လက်နက် တပ်ဆင်မှုနဲ့ တိုက်ပွဲအတွေ့အကြုံ အားကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ ပိုပြီး စစ်ပုံ ကျတယ်၊ ပိုပြီး စစ်ရည်စစ်သွေး ပြည့်ဝတယ်ဆိုတာ တွေ့ရတယ်။” ဟု NUG ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်က ပြောကြားသည်။
NUG အစိုးရ အနေဖြင့် လွတ်မြောက်နယ်ရရှိနေပြီဖြစ်ပြီး ယင်းနယ်မြေများတွင် အကြမ်းဖက်စစ် ကေင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းကာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ထူထောင် လည်ပတ် နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မြေပြင်မှ အလွယ်တကူ ဝင်ရောက်လာနိုင် ခြင်းမရှိစေရန် စစ်ရေးအရ ကာကွယ်ဟန့်တားထားနိုင်သည့် နယ်မြေများရရှိပြီး ယင်းနယ်မြေများမှာ တနေ့ထက် တနေ့ ပိုမိုကျယ်ပြန့်ခိုင်မာလာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
“ဒီလိုအောင်မြင်မှုတွေ ရရှိခဲ့တာဟာ အဓိကအားဖြင့် ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေးပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာ ဖြစ် တယ်။တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ညာလက်လိုပဲ လက်နှစ်ဖက် လုံး ခိုင်မာ အားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့ လိုတယ်။ စစ်ရေး တာ ဝန် ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ ပလဖတို့ဟာ တော်လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက် လာတဲ့ တော်လှန်ရေးညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော်တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့ လိုတယ်။အားလုံးရဲ့ ဘုံပန်းတိုင်က တစ်ခုတည်းပဲ၊ စစ် အာဏာရှင်ကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြား သည်။
ထို့အပြင် တော်လှန်ရေးရဲဘော်တိုင်းသည် တော်လှန်ရေးအပေါ် သစ္စာရှိရန်၊ ပြည်သူကို အလုပ်အ ကျွေး ပြုရန်၊ တော်လှန်ရေးရဲဘော်ချင်း ကူညီစောင့်ရှောက်ရန်နှင့် တော်လှန်ရေး အောင်မြင်ရေး ရှေးရှုကာ ဖြောင့်မတ်မှန်ကန်စွာ အလုပ်လုပ်ကြ အထူးအားစိုက်ကြရမည်ဖြစ်ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က သတိပေးထားသည်။
ယနေ့ မေလ ၅ ရက်နေ့သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရန် အနာဂတ်ကာလတွင် မဖြစ်မနေ ထူထောင်ရမည့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်၏ အမြုတေ ဖြစ်စေရန် ရည်ရွယ် ချက်များနှင့် PDFတပ်မတော်ကို တည်ထောင်ခဲ့သည်မှာ ၃ နှစ်ပြည့်နေ့ဖြစ်ကြောင်း၊ PDF တပ်မတော် ကို နိုင်ငံရေး၊ စစ်ရေးအရ ကျောထောက်နောက်ခံပေးပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးဖော် ဆောင်မည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကိုလည်း တပြိုင်တည်း ဖွဲ့စည်းတည်ထောင် ခဲ့ကြ ခြင်းဖြစ်ကြောင်း၊ ၃ နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့နှစ်ခုသည် အလျင်အမြန် ရင့်ကျက်လာခဲ့ပြီး စစ် ပညာကော စစ်ရေး အတွေ့အကြုံရရှိလာသည့် တပ်ဖွဲ့များဖြစ်ကာ အောင်ပွဲအမြောက်အများကို လည်း ရယူနိုင်ခဲ့ကြပြီဖြစ်ကြောင်း သိရသည်။