NUG News

NUG News

မုန်တိုင်းကြောင့် ရေဘေးဒဏ်အပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရ သည့် ပြည်သူများကို အမိုး၊ အကာ၊ ဆေးဝါးများ အမြန်းဆုံးရရှိရေး လုပ်ဆောင်ပေးကြပါရန် ပြည် ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတိုက်တွန်း

 

D Day News

စက်တင်ဘာလ ၁၂

 

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မုန်းတိုင်းကြောင့် ရေကြီးရေလျှံခြင်း ခံစားနေရမှုအပြင် အကြမ်းဖက်စစ်‌ ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် လိုအပ်သည့် အမိုးအကာ၊ ဆေးဝါးနှင့် စာနပ်ရိက္ခာများ အမြန်ဆုံးရရှိရေး လုပ်ဆောင်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

 

ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုး ရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များရဲ့ နေ့စဥ်ကြုံတွေ့နေကြရတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ နယ် မြေဒေသဆိုင်ရာ အခက်အခဲတွေအပေါ် ပေါင်းစပ်ကူညီပေးရမယ့်အလုပ်တွေ၊ ညွှန်ကြားပေးရမယ့် အလုပ်တွေကို ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း။ တချို့ မြို့နယ်ကိစ္စတွေမှာ မလိုအပ်ပဲ တုံ့ပြန်ဆောင်ရွက်မှုများနှေးကွေးနေခြင်းဟာ မြေပြင်က တချို့ပြဿနာတွေကို ပိုမို ကြီးထွားစေမှာ ဖြစ်တယ်ဆိုတာကို အားလုံးသတိချပ်သင့်ပါကြောင်း။ မုန်တိုင်းဒဏ်ကြောင့် အလယ်ပိုင်း ဒေသအချို့ မှာ မိုးကြီး ပြီး ရေလျှံတာတွေ ဖြစ်ပေါ်နေတာတွေအပြင် ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက် မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် လိုအပ်တဲ့ အမိုး အ ကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အမြန်ဆုံးရရှိအောင်လည်း လုပ်ဆောင်ပေးကြပါ” ဟု ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက တိုက်တွန်းပြောကြားသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်း စဉ်များ ကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန် ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...