NUG News

NUG News

ကျဆုံးရန် နီးကပ်လာသည့် စစ်တပ် တိုင်းပြည်နှင့်ပြည်သူလူထုအထိနာအောင် ပိုမိုရက်စက်စွာ လုပ်ဆောင်လာနေ ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော (ရုပ်သံ)

 

D Day News

ဧပြီလ ၁၆

 

ကျဆုံးရန် နောက်ဆုံးနေ့ရက်နီးကပ်လာသည့် စစ်အာဏာရှင်များသည် တိုင်းပြည်နှင့်ပြည်သူလူထု အထိနာစေ ရန် ပိုမို ရက်စက်စွာ လုပ်ဆောင်လာနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်း ဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု အခြေစိုက်ရာ နေပြည်တော်မြို့အထိ စစ်ဆင်ရေးဆင်နွှဲနိုင်ခဲ့ သည့်အပြင် နယ်စပ်ကုန်ရေးမြို့များကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ တစ၊ တစ် နီးကပ်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် အင်အားချိ နဲ့လာမှုကြောင့် ပြည်သူကို စစ်ကျွန်ပြုရန် ကြိုးစားသည့် အဓမ္မစစ်သားစုဆောင်းသည့်ကိစ္စကို အတင်း အကြပ် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြသည်။

 

https://youtu.be/rPIvSewJbIA

“မြန်မာနိုင်ငံကို နှစ် ၇၀ ကျော်ကြာဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံးကို စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် စိုးမိုးချယ်လှယ်ချုပ်ကိုင်ခဲ့တဲ့အကြမ်းဖက် စစ်တပ်ဟာ ၎င်းတို့အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ကြောင်းကိုလည်း ပြည်သူအားလုံး နားလည်ပြီးဖြစ်ပါတယ်။ ၎င်းတို့ရဲ့ နောက်ဆုံးနေ့များ နီးလာလေလေ တိုင်းပြည်နဲ့ပြည်သူလူထုကို အထိနာစေအောင် ပိုမိုရက်စက်စွာ လုပ်ဆောင်လာနေသလို တော်လှန်ရေးအင်အားစုများအကြား သွေးခွဲမှုများနဲ့ နိုင်ငံတကာထောက်ပံ့မှုတစ်မျိုးတစ်ဖုံ ရယူနိုင်အောင် ကြိုးပမ်းလာနေတာကိုလည်း အားလုံး အလေးထားသတိပြု ဆင်ခြင်ထားဖို့ လိုမယ်လို့ သတိပေးပြောကြားလိုပါတယ်။” ဟု ပြည် ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံ၏ နေရာအနှံ့အပြားရှိမြို့ပြများကို ဝိုင်းပတ် စိုးမိုးထိန်းချိုပ်ထားကြောင်း၊ အထူးသဖြင့်‌ နိုင်ငံအနှံအပြားရှိ ကျေးလက်များကို ထိန်းချုပ်ထားပြီ ဖြစ်ပြီးကြောင်း သိရသည်။

 

နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် ၃ နှစ်ကျော်ကြာတိုင်မြန်မာပြည်သူလူထု၏ ဇွဲရှိမှု၊ ယုံကြည်ချက် မျှော်လင့်ချက်ပြင်းပြမှု၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရန် ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုအားပေးထောက်ခံကာ နိုင်ငံရေး အရလိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက် ပေး ကြ ပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတောင်းဆိုထားသည်။

 

“ယခုလက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အောင်မြင်မှုတွေဟာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်းထဲမှာဆိုရင် စိတ်ကူးယဉ်ကြည့်ဖို့ပင် မဝံ့ရဲခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး၊မဟာမိတ်အရေး ၊ သံမတန်မရေးအောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေဟာ အသက်သွေးချွေးနဲ့ဘဝ ပေါင်း များစွာပေးဆပ်ပြီး မြဲမြံတဲ့ခံယူချက် ခိုင်မာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ နီစွေးတဲ့ ရဲစွမ်းသတ္တိတွေ ကြောင့် ရရှိလာခဲ့တာြဖစ်ပါတယ်။” ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

လက်ရှိအောင်မြင်မှုများ၏ အရှိန်အဟုန်နှင့်မောင်းနှင်မှုသည် ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် အကြမ်းဖက်စစ်တပ် အပြီးအပိုင်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေးပြည်ထောင်စုအသစ် ထူထောင် ရေးအတွက် အရေးကြီးပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းက တိုက်တွန်းထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...