NUG News

NUG News

အကြမ်းဖက်စစ်တပ်၏ ရက်ရက်စက်စက်သတ်ဖြတ်ခံရ ကျောင်းဆရာ/မ၊ ကျောင်းသား/သူ ထောင် ကျော်ရှိဟု ဒေါက်တာဇော်ဝေစိုးပြော(ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၉

 

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့် ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူပေါင်း ထောင်ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

 

ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ် တို့မှ ကြီးမှူးကျင်းပသော “ညီညွတ်သောတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးဆီသို့ ” သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

https://youtu.be/diTm_7cQSvg

ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်မှုကြောင့် အသက်ပေးခဲ့ရတဲ့ ကျောင်းသားတွေ၊ အသက်ပေးခဲ့ရတဲ့ ဆရာတွေ ထောင်ကျော်နေပြီဖြစ်တယ်။ ဒေသတွေက အန္တရာယ် ရီပို့ဖြစ်နေတာဖြစ်ပါတယ်။ တချို့ကဒါတွေကို ထုတ်ဖော်မပြောကြားလိုတဲ့အတွက် မိသားစုတွေရဲ့လုံခြုံရေးတွေကြောင့် ဒီအရေအတွက်တွေကို ကျနော်က ချပြထားခြင်းမရှိတာကို အသိပေးလိုပါတယ်။

 

တော်လှန်ရေးကာလအစတွင် ကိုဗစ်၁၉နှင့်အတူ ပေါ်ပေါက်လာခဲ့သဖြင့် အွန်လိုင်းပညာသင်ကြားမှု စနစ်ဖြင့်စတင်ခဲ့ရပြီး မြေပြင်စိုးမိုးမှုရရှိသည့်အခါတွင် ပြေပြင်သင်ကြားမှုနှင့် ပညာသင်ကြားမှု အဆက်မပြတ်စေရန်အွန်လိုင်းပညာသင်ကြားမှုစနစ်နှစ်မျိုးဖြင့် အကောင်အထည်ဖော်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ယခုအခါ တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါင်း ၈၀ နီးပါး သိမ်းယူထားပြီး ကျေးရွာအခြေပြု နယ် မြေဒေသအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...