စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃၀

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု အဖြစ် ကြေညာခြင်း ခံထားရသည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဟုခေါ်သည့် စစ်ကောင်စီ ကို ဆက်ခံဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း NUG အစိုးရ ပြောဆိုထားသည်။

ထို့ကြောင့် “နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” ခေါ် စစ်ကောင်မရှင်နှင့် ၎င်းမှ အဆင့်ဆင့်တာဝန်ပေး ဖွဲ့စည်းလိုက်သော အဖွဲ့များအားလုံးကို “အကြမ်းဖက်အုပ်စုများ” အဖြစ် လည်း၊ ကောင်း မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ခေါ် စစ်ကော်မရှင် အဖွဲ့ဝင်များ အားလုံးကို “အကြမ်းဖက်သမားများ” အဖြစ်လည်းကောင်း သတ် မှတ် ကြေညာလိုက်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာထား သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက် တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့်ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်အရ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စု သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအဖွဲ့ဝင်များ ကို မတရား ဖမ်းဆီးပြီး ပြည်သူ့အာဏာ လုယူခဲ့သဖြင့် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် “နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ” ခေါ် စကစ ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ(၁) ရက်နေ့တွင် “အကြမ်းဖက် စစ်အုပ်စု” ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် နေ့တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ -Enemy of the State ” ဖြစ်ကြောင်း အသီးသီး ကြေညာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကြေညာခြင်းခံထားရသည့် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ တွင် စစ်ကောင်စီ ခေါ် “နိုင်ငံတော်အုပ်ချုပ် ရေးကောင်စီ” အဖြစ်မှ စစ်ကော်မရှင် ခေါ် “နိုင်ငံတော် လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” အဖြစ်သို့ အမည် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် KNPP ဥက္ကဌ ခူဦးရယ်တို့ တွေ့ဆုံပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆွေးနွေး

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် KNPP ဥက္ကဌ ခူဦးရယ်တို့ တွေ့ဆုံပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆွေးနွေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့တွေ့ဆုံပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ...