နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန်အတွက် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးပြီး ခိုင်မာစွာ လက်တွဲဆောင်ရွက်ကြရန် သဘောတူ

နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန်အတွက် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးပြီး ခိုင်မာစွာ လက်တွဲဆောင်ရွက်ကြရန် သဘောတူ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၆

နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန်အတွက် NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် KNU ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းတို့ တွေ့ဆုံဆွေးနွေးပြီး ခိုင်မာစွာ လက်တွဲဆောင်ရွက်ကြရန် သဘောတူခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဥ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးပြီးနောက် တော်လှန်ရေးအင်အားစုများကြား ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲ၍ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာ ဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက် သွားကြရန်သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...