စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၅

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ အာဏာ ကို ခိုးယူဖို့ နောက်ဆုံးကြိုးပမ်းမှုဖြစ်ပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေးရည်မှန်းချက် တွေကို ဖျက်ဆီး ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီမိုကရေစီအရေးအတွက် ဆက် လက်ရပ်တည်ပေးကြဖို့၊ စစ်အုပ်စုရဲ့ လှည့်ဖြားမှုတွေကို သတိထားကြဖို့နဲ့ ဒီရွေးကောက်ပွဲကို အား လုံး ကနေ ပူးပေါင်းပြီး ဆန့်ကျင်ကြဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြား လိုပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တော်လှန်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး အကောင်းဆုံးကြိုုးစားတိုက်ပွဲဝင်သွားမယ် ဆိုတာကိုလည်း အလေးအနက် ပြောကြား လိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရပ်တည်နေကြသည့် နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီအတွက် တိုက် ပွဲဝင်နေမှုကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးရန်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် အင်မတန် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့ထားသည့် စစ်အုပ်စု၏ လုပ်ရပ်များကို ထိရောက်စွာ အရေးယူပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းထားသည်။

မြန်မာပြည်သူများသည် ဒီမိုကရေစီအတွက် အသက်၊ သွေး၊ ချွေးတွေကို ခေတ်အဆက်ဆက် ပေး ဆပ်ခဲ့ကြရပြီး ထိုသို့ ပေးဆပ်မှုများကို အလဟဿ မဖြစ်စေရန် အင်မတန် အရေးကြီးကြောင်း၊ ဒီမို ကရေစီ ခရီးလမ်းသည် ခက်ခဲကြမ်းတမ်းသော်လည်း အဆုံးတွင် အကြမ်းဖက်စစ်အာဏာရှင်ကို အနိုင်ယူလိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြေကြားသည်။

ထို့ကြောင့် အားလုံး၏ မဆုတ်မနစ်သော ပါဝင်အားထုတ်မှုသည် တော်လှန်ရေးအောင်ပွဲနဲ့အတူ စစ် မှန်သည့် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ပေါ်ထွန်းလာမည့်နေ့ကို မကြာမီ ရောက်ရှိလာမည်ဖြစ် ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ ချီတက်နေ၊ တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

နွေဦးတော်လှန်ရေးဟာ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ ချီတက်နေ၊ တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ နွေဦးတော်လှန်ရေးသည် ရှေ့နှစ်လှမ်းတိုး -နောက်တစ်လှမ်းဆုတ် ပုံစံမျိုးဖြင့် တရွေ့ရွေ့ချီတက် နေပြီး တော်လှန်ရေး၊ နိုင်ငံရေး သက်လုံမြှင့်တင်ထားကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျနေရာက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ၎င်းက ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိနွေဦးတော်လှန်ရေးသည်...