နေပြည်တော်၌ ကြဲချခဲ့သည့် ဒရုန်းတစ်ပါ ယမ်းပေါက်ကွဲအားသည် ၁၀၇ မမ ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်ပြီး စစ်ရေးပစ်မှတ်များကို မှတ်ပုံတင်ထား၍ ရပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောဆို
D Day News
ဧပြီလ ၄
နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နေအိမ်အပါအဝင် နေရာ ၃ ခု၌ ကြဲချခဲ့ သည့် ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားသည် ၂၀ ရာခိုင်နှုန်းပိုမိုပြင်းထန်ပြီး စစ်ရေးပစ်မှတ်များကို မှတ်ပုံတင်ထား၍ ရပြီးဟု NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို ၁၂ စီး အသုံးပြုကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒရုန်းလေယာဉ်များကို ပြန်လည်ခေါ်ယူခြင်းမပြုပဲ တစ်ခါတည်းထိုးစိုက်ကာ ဗုံးကြဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ အသေခံဒရုန်းလေယာဉ်များဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေပြည်တော်
————————-
ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107 တစ် စင်း ထက် ၂၀% ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံ တင်ထားလို့ ရပါပြီ။” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမွန်က ၎င်း၏ လူမှု ကွန်ယက်၌ ရေးသားထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team ၊ Power of Ababil (POA) တပ် ဖွဲ့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် ၃၅၀၂ တပ်ခွဲ ၁ နှင့် Orion Drone Team တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများတွင် အေလာလေတပ်အတွင်း၌ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ကြောင်း၊ စစ်ရုံးချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွင် စစ်သည်နှင့်အရာရှိ ၁၁ ဦးဒဏ်ရာရရှိပြီး ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရသည်။