မင်းအောင်လှိုင်ခေါင်းဆောင်သော အာဏာရှင်လူတစ်စုက လူငယ်များကို အတင်းအဓမ္မစုဆောင်းပြီး နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများ နှင့် မြေပြန့်ဒေသရှိ မဟာဗျူဟာ လမ်း ပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိဟု NUG ထုတ်ပြန်

မင်းအောင်လှိုင်ခေါင်းဆောင်သော အာဏာရှင်လူတစ်စုက လူငယ်များကို အတင်းအဓမ္မစုဆောင်းပြီး နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများ နှင့် မြေပြန့်ဒေသရှိ မဟာဗျူဟာ လမ်း ပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိဟု NUG ထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၉

မင်းအောင်လှိုင်ခေါင်းဆောင်သော အာဏာရှင်လူတစ်စုက လူငယ်များကို အတင်းအဓမ္မစုဆောင်းပြီး နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများ နှင့် မြေပြန့်ဒေသရှိ မဟာဗျူဟာ လမ်း ပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အာဏာရှင်လူတစ်စုသည် စစ်မှုထမ်းအသက်အပိုင်းအခြားအတွင်းရှိ လူငယ်များကို နည်းမျိုးစုံဖြင့် အကြမ်းဖက် စစ်သားစုဆောင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် အင်အား ၅၀၀၀ နှုန်းဖြင့် အပတ်စဉ် ၁၃ အထိ ရောက်ရှိလာပြီဖြစ် ကြောင်း သိရသည်။

ယင်းစစ်မှုထမ်းလူငယ်များကို နိုင်ငံအနှံ့သင်တန်းပေးထားပြီး အရေအတွက် အင်အား ပြန်လည်ဖြည့် တင်းလာနိုင်သည်မှာ မှန်သော်လည်း အမာခံတိုက်ခိုက်ရေးအင်အားများ အဖြစ် အသုံးချရန် ခက်ခဲနေ ဦးမည်ဖြစ်ကြောင်း၊ အဆိုပါ အဓမ္မစစ်သားစုဆောင်းခံရသူ(ပစ) များသည် အကြမ်းဖက်တပ်မှ ထွက် ပြေး၍ လက်နက်မပါသော်လည်းကောင်း ၊လက်နက်နှင့် သော်လည်းကောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ နေ့စဉ်နှင့်အမျှ လာရောက် ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် အဓမ္မစစ်သားစုဆောင်းမှုဖြင့် အရေအတွက်အင်အား ပြန်လည်ဖြည့်တင်း လာနိုင်ခြင်း၊ မျက်နှာသာပေးမှုကို ရရှိခြင်း တို့ကို အကြောင်းပြု၍ စစ်မျက်နှာ တချို့တွင် ၎င်း၏ အင် အားကို စုစည်း၍ တန်ပြန်ထိုးစစ် အစီအမံများ ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

၎င်းတို့၏ တန်ပြန်ထိုးစစ်များမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများ နှင့် မြေပြန့်ဒေသရှိ မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိကြောင်း၊ သို့ သော် စစ်ကောင်စီ၏ ထိုးစစ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကန့်အသတ်မဲ့စစ်ဆင်နိုင်ခြင်း မဟုတ်ဘဲ နေရာကွက်၍ အကန့်အသတ်ဖြင့်သာ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတွင်လည်း လူအင်အား နှင့် လက်နက်ခဲယမ်းအင်အား အကန့်အသတ်ရှိနေသည်ကို တွေ့ရှိရ ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ သတ် ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံး၊ စစ်ကျွန်ခံရသည်ထက် သေရ သည်က မြတ်သည်ဟုခံယူကာ အဆုံးသတ်တိုက်ပွဲဝင်နေ

နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ သတ် ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံး၊ စစ်ကျွန်ခံရသည်ထက် သေရ သည်က မြတ်သည်ဟုခံယူကာ အဆုံးသတ်တိုက်ပွဲဝင်နေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီးဖြစ် ကြောင်း NUG ၊ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။...