သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၈
မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့၏ အရေးပါ သောအစိတ်အပိုင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး နှစ်စဉ်တိုင်း စစ်အုပ်စု၏ ထောက်ပို့စစ်ရေယာဉ်များကို ပစ်ခတ်နှစ်မြုပ်ဖျက်ဆီးနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန က ပြောဆိုသည်။
နွေဦးတော်လှန်ရေးကာလမှစ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ အထိ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ အပြည့်အဝ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် နယ်မြေများမှာ တနိုင်ငံလုံးရှိ မြို့နယ်စုစုပေါင်း၏ ၁၆ ရာခိုင် နှုန်း၊ ဝိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားသည့် နယ်မြေများမှာ မြို့နယ်စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းရှိ ကြောင်း၊ မြို့နယ်စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းတွင် တော်လှန်စစ် ဖြစ်ပွားလျက်ရှိကြောင်း အသိပေး ထား သည်။
စစ်အုပ်စုသည် မြို့နယ်စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းခန့်ကို လက်နက်ဖြင့် စိုးမိုးဖိနှိပ်အုပ်ချုပ်နေဆဲဖြစ် သည်ဟု ဆိုသည်။
၂ဝ၂၄ ခုနှစ်၊ စစ်အုပ်စုလက်အောက်ခံအဖွဲ့များ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းကောက် ယူရရှိသော လူဦးရေ ၃၂.၁၉ သန်း ရှိပြီး မြို့ပြ ၁၂.၁၄ သန်း၊ ကျေးလက် ၂၀.၀၅ သန်းသာ ကောက်ယူ နိုင် ခဲ့ကြောင်း၊ စုစုပေါင်းလူဦးရေ၏ ၆၂ ရာခိုင်နှုန်းဖြစ်သော စာရင်းကောက်ယူနိုင်ခြင်းမရှိသော ခန့် မှန်းလူဦးရေ ၁၉.၀၇ သန်း ၊ မြို့ပြ ၂.၄၇ သန်း၊ ကျေးလက် ၁၆.၆ သန်း စုစုပေါင်းလူဦးရေ၏ ၃၈ ရာ ခိုင်နှုန်း ရှိသည်ဟူသော အကြမ်းဖက်စစ်အုပ်စု၏ ဝန်ခံဖော်ပြချက်နှင့် တော်လှန်ရေး အင်အားစုများ ၏ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းကို နှိုင်းယှဉ်ကြည့်နိုင်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
Thanlwin Myanmar Media