တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၇

နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် ၄ နှစ်တာကာလအတွင်းအကြမ်းဖက်စစ်အုပ်စု၏ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံးထားကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၁၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်သည့်ကာလမှစ၍ ယနေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးထားပြီး စစ်အုပ်စု ဩဇာခံ စစ်သား၊ ရဲ နှင့် နယ်ခြားစောင့် တပ်ဖွဲ့ ဝင် သေဆုံးမှု ခြောက်သောင်းနီးပါး ၆၀၃၃၁ ဦး ရှိကာ ထိခိုက်ဒဏ်ရာရရှိမှု ၂ သောင်းကျော် -၂၆၉၀၅ ဦး ရှိရာ စစ်အုပ်စုလက်အောက်ခံ စစ်သည်အင်အား စုစုပေါင်း ရှစ်သောင်းကျော် – ၈၇၂၃၆ ဦး ပြုန်း တီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝှမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ၂၀၂၄ နှစ်ကုန်အထိ တိုင်းစစ်ဌာန ချုပ် ၂ ခု၊ ဒကစဌာနချုပ် ၁ ခု၊ စကခဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံး နောက်တန်း စခန်း ၅၄ ခု၊ နယ်ခြားစောင့်စခန်း ၁၇ ခု ၊ စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း ၁၇၃ ခု လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ယနေ့အချိန်အထိ စစ်ကောင်စီ၏ နောက်တန်း တပ်ရင်းဌာနချုပ် ၁၀ ခု ထပ်မံ ကျဆုံးခဲ့ ပြီး အင်အားချိနဲ့နေသည့် တပ်ရင်းတပ်ဖွဲ့များတွင် အဓမ္မစစ်သားစုဆောင်းမှုမှရရှိသော အင်အား များဖြင့် ပြန်လည် ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ကာလ အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေယာဉ်မျိုးစုံ ၂၀ စီးလည်း ထိခိုက်ပျက်စီးခဲ့ပြီး – ၎င်းတို့မှာ

၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် Mi 35 ရဟတ်ယာဉ် တစ်စီး၊ ဇွန်လ 10 ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ Beechcarft 1900 Aircaraft တစ်စီး၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၌ A-5 Groung Attack Aircraft တစ်စီး၊ မတ်လ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၌ Mi 17 ရဟတ်ယာဉ် တစ်စီး၊ နိုဝင်ဘာ လ ၂၉ ရက်နေ့တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၌ PT-6 Aricraft တစ်စီးတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ H120 ဟယ်ရီ ကော်ပရာ တစ်စီး၊ ဇွန်လ ၃၀ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၌ K-8W Trainer Aircraft တစ်စီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အနီး၌ K-8W Trainer Aircraft တစ်စီး တို့ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ Mi 17 ဟယ်ရီကော်ပရာ တစ်စီး၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၌ FTC -2000 G Aircraft တစ်စီး၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၌ Shaanxi Y-8 Aircraft တစ်စီး၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ AS-365 Helicopter တစ်စီး၊ ဖေဖော် ဝါရီလ ၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ Mi17 ဟယ်ရီကော်ပရာ တစ်စီး၊ ဖေဖော်ဝါရီ လ ၂၉ ရက်နေ့တွင် မကွေးတိုင်း စလင်းမြို့နယ်၌ MIG 29 Aircraft တစ်စီး၊ မေလ ၆ ရက်နေ့တွင် ကရင်နီပြည်၊ ဘောလခဲမြို့နယ်၌ Mi – 17 ရဟတ်ယာဉ်တစ်စီး၊ ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန် တိုင်း၊ မှော်ဘီမြို့နယ်၌ AS -365 ရဟတ်ယာဉ် တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ Mi17 ရဟတ်ယာဉ်တစ်စီး၊ မေလ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ Mi17 ရဟတ်ယာဉ်တစ်စီး၊ ဇွန်လ ၁၀ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ F-7 Fighter Aircraft တစ်စီး၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကရင်နီ ပြည်၊ ဖားဆောင်းမြို့နယ်၌ FTC – 2000G Aircraft တစ်စီးတို့ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်အတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနအသိပေး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်အတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနအသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် နိုင်ငံလုံးအတိုင်းအတိုင်း အတာ ဖြင့် အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး လိုက်သည်။ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သော ခုခံတော်လှန်စစ် ၄ နှစ်ပြည့်အစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းအသိပေးထားခြင်းဖြစ်သည်။ တော်လှန်ရေး၏...