တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်အတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနအသိပေး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်အတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနအသိပေး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၇

တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် နိုင်ငံလုံးအတိုင်းအတိုင်း အတာ ဖြင့် အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး လိုက်သည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သော ခုခံတော်လှန်စစ် ၄ နှစ်ပြည့်အစီရင်ခံစာ ထုတ်ပြန်ရာတွင် ထည့်သွင်းအသိပေးထားခြင်းဖြစ်သည်။

တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်းအားဖန်တီးနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိကြောင်း၊ ပြည် သူ့ကာကွယ်ရေးတပ်မတော်ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက် ထားနိုင်ခြင်း နှင့် ညီနောင်တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းသည် အဆိုပါ အလှည့် အပြောင်းအားဖန်တီးရန် အခြေအနေပေးမှုနှင့် အခင်းအကျင်းများ ရရှိထားခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲနိုင်ရန်အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

အထူးသဖြင့် ယခုအချိန်တွင် တပ်တည်ဆောက်ရေးကို အထူးအားစိုက်ဆောင်ရွက် နေပြီး တော်လှန် ရေး အစပြုစဉ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့တပ်ဆင်၍ ချက်ချင်း တိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံကျလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန် ပေး အပ်မှုတို့ကို ဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် ၄ နှစ်တာကာလအတွင်းအကြမ်းဖက်စစ်အုပ်စု၏ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံးထားကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၁၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်သည့်ကာလမှစ၍ ယနေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လေယာဉ် အစီး ၂၀...