အကျိုးစီးပွားတစ်ဘို့တည်းသာသိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင်တင်းတင်း ရပ် တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

အကျိုးစီးပွားတစ်ဘို့တည်းသာသိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင်တင်းတင်း ရပ် တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၇

အကျိုးစီးပွားတစ်ဘို့တည်းသာသိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင်တင်းတင်း ရပ် တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် သန္နိဋ္ဌာန် တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ရက်စက်မှုများကြောင့် တော်လှန်ရေးတွင် ပြည်သူ့ပါဝင်မှု နောက်ဆုတ်လျော့ကျသွားမည် မဟုတ်ဘဲ လူထု၏ တော်လှန်စိတ်ဓါတ်ကို ပို၍ ထက်သန် စေမည် ဖြစ်ပြီး အကျိုးစီးပွားတစ်ဘို့တည်းသာသိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင် တင်း တင်း ရပ်တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပေါ် အိမ်နီးချင်းနိုင်ငံ၏ ဖိအားပေးမှု၊ ခြိမ်းခြောက် အ ကြပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထိုးစစ်များ တွန့်ဆုတ်ရပ်တန့် နေချိန်ကို အခွင့် ကောင်း ယူလျက် လက်တလောအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ဒေသတချို့တွင် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသည်ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် ပျောက်ကြားစစ်၊ လှုပ်ရှားစစ်၊ နေရာယူစစ် သင့်လျော်သော စစ်နည်းဗျူဟာကို သုံး၍ စစ်ပရိယာယ် ကြွယ်ဝစွာဖြင့် တုံ့ပြန်ချေမှုန်း သွားကြမည် ဖြစ်ကြောင်း အသိပေးထားသည်။

ယခုနှစ်ကုန်တွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲ (Scam Election) သည် အာဏာသိမ်းအဖွဲ့ထံမှ အာဏာကို စစ်အုပ်စု၏ ကိုယ်ပွားအမာခံဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထံ အမည်ခံလွှဲပြောင်းပေးခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် တရားဝင်မှု ရှာ ဖွေရန် ကြိုးပမ်းမှုသည် အရာထင်လိမ့်မည်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို ပိုမိုစုစည်းညီ ညွတ် စေလျက် ပိုမိုပြင်းထန်သော ပြည်သူ့ခုခံတွန်းလှန်စစ်ဖြင့် တုံ့ပြန်ရန် တွန်းအားဖြစ်စေလိမ့်မည် ကြောင်း အသိပေးထားသည်။

စနစ်ပြောင်းတော်လှန်ရေးတရပ် ဆင်နွှဲရာတွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင် ကြုံတွေ့ရမည်ဟု မျှော်လင့်ပြီးဖြစ်သည့်အားလျော်စွာ အဆိုပါအခက်အခဲများကို မိမိတို့၏ ဉာဏ်ပညာ၊ လုံ့လ ဝီရိယ အားပြုလျက် ဖြေရှင်းကျော်လွှားသွားကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တော်လှန်ရေးအင်အားစု များ ၏ စုစည်းညီညွတ်မှုနှင့် ဦးဆောင်မှုကို မြှင့်တင်လျက် ရှင်းလင်းတိကျသော တော်လှန်ရေးလမ်း စဉ်ဖြင့် “အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်း အား အဆုံးသတ်ရန်” ဟူသော ဦးတည်ချက်ကို မျက်ခြေပြတ်မခံဘဲ ကြံ့ကြံ့ခံသော ဇွဲသတ္တိဖြင့် ဆက် လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

စစ်မျက်နှာ တခုချင်းတွင်လည်းကောင်း တနိုင်ငံလုံးအတိုင်းအတာဖြင့်လည်းကောင်း မဟာမိတ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တော်လှန်ရေးအင်အား စုများနှင့် ကျောချင်းကပ်လျက် တော်လှန်ရေးပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် ၄ နှစ်တာကာလအတွင်းအကြမ်းဖက်စစ်အုပ်စု၏ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံးထားကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၁၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်သည့်ကာလမှစ၍ ယနေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လေယာဉ် အစီး ၂၀...