သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၇
ဒေသတွင်းနိုင်ငံများသည် ဒုက္ခနှင့် နေ့တိုင်းအချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရသည့် ပြည်သူလူထု၏ မျက်နှာကို မကြည့်ပဲ စစ်အာဏဦရှင်များ၏ မျက်နှာကို ပိုကြည့်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄ နှစ် ပြည့်နေ့အတွက် မိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ် ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေ ပါတယ်။ ဒါဟာ လူထုခုခံ တော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တစ်ခုဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။
ဒေသတွင်းနိုင်ငံများသည် မိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှုကာ အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်ရေး နည်းပညာများ ကူညီထောက်ပံ့ခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
“ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံးအနေနဲ့ အမှောင်မိုက် ဆုံး သော ညနက်တွေကို ဖြတ်သန်းခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်းထန်ဆုံးသော မုန်တိုင်း တွေ ကိုလည်း ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးဟာ ရောင်နီကို မြင်ခဲ့ရပြီးမှ အလင်းစင်စစ်ကို မတွေ့ရသလို ဖြစ်နေရပါတယ်။ နွေဦးတော်လှန်ရေးဟာ အကဲဆတ်တဲ့ နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကို ဖြတ်သန်းနေရကြောင်း တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို တင်ပြချင်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
Thanlwin Myanmar Media