နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်း

နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်း

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃

နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပသော မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အား စုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ထည့် သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗဟိုနဲ့ ဒေသတွေအကြား ကောင်းမွန်စွာ ပေါင်းစပ်နိုင်ရေး၊ လူထုကိုယ်စားပြုမှု ကျယ်ပြန့်စွာ ဖြစ် ထွန်းရေးနဲ့ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ ပေါ်ထွက်လာရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံ ရေးအင်အားစုအချင်းချင်းကြားမှာလည်း တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမား ဖြစ်ထွန်း အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြဖို့ တိုက်တွန်းပါတယ်” ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

မန္တလေးဒေသ အင်အားစုတွေအနေဖြင့် တော်လှန်ရေးလုပ်ဆောင်ချက်များကို လူထုနည်းအားဖြင့် တရားဝင်မှု ကျယ်သထက် ကျယ်ပြန့်ပြီး ခိုင်မာသထက် ခိုင်မာအောင် လုပ်ဆောင်နေသည်ဟု ယုံ ကြည်ကြောင်း၊ မန္တလေးဒေသအင်အားစုများအနေဖြင့် ကြားကာလအစီအမံများကိုစတင် ပြင်နေ သည့်အချိန်ကစ၍  ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ပြည်သူကို အစီရင်ခံတင်ပြသည့် အလေ့အကျင့် ကောင်းများ ရှိထားပြီးဖြစ်ကြောင်း အသိပေးထားသည်။

“မန္တလေးဒေသက အင်အားစုတွေအနေနဲ့ ကြားကာလအစီအမံ မူကြမ်းပြီးတဲ့အခါတုန်းကလည်း အ မျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံပြီး ဖလှယ်ခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ ဖက် ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (FSC) အနေနဲ့လည်း ကြားကာလ အစီ အမံတွေအပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြံပြုချက်တွေကို ပေးခဲ့ပါတယ်။ မန္တလေးဒေသနဲ့ အလားသဏ္ဍာန်တူ၊ စစ်ကိုင်းဒေသဆိုရင်လည်း စစ်ကိုင်းဒေသရဲ့ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာ ကျွန်တော်တို့အစိုးရက FSC ကနေတစ်ဆင့် ဆွေးနွေးအကြံပြုချက်ပေးပို့ခဲ့ပါတယ်။ အခု ဆိုရင် စစ်ကိုင်းဒေသအတွက် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်ပြုပြီးပြီလို့ ပြောနိုင် ပါတယ်။ လက်ရှိအနေနဲ့ မကွေးဒေသအတွက်လည်း ကြားကာလအစီအမံတွေအပေါ်မှာ ဆက်လက် လုပ်ဆောင်တာတွေကို တွေ့ဆုံဆွေးနွေးအကြံပြုမှုတွေ မပြတ်လုပ်ဆောင်နေတာ ရှိပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ၃ ခုတွင် သက်ဆိုင်ရာ ဖက်ဒရယ် ယူနစ်အလိုက် အစိုးရအဖွဲ့များ အပြိုင်အဆိုင် ပေါ်ပေါက်လာစေရန် မျှော်လင့်ကြောင်း၊ မကြာခင် အချိန်ကာလအတွင်း လူထုဆန္ဒနှင့်ကိုက်ညီသည့် သက်ဆိုင်ရာအစိုးရအဖွဲ့များများ ထွက်ပေါ်လာမည် ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ဖက်ဒရယ်မူများနှင့် အညီ၊ တော်လှန်ရေးကြီးတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ထွန်းပေါက်အောင်မြင်ရေးကို ရှေးရှု၍ ပူးပေါင်း ဆောင်ရွက်မှုများ အဆက် မ ပြတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

“လက်ရှိ နွေဦးတော်လှန်ရေးမှာ ဒေသန္တရအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာအားကောင်းဖို့ အ တွက် အင်မတန် အရေးကြီး ပါတယ်။ အခု မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ လုပ်ဆောင်နေ တဲ့ ကြားကာလအစီအမံတွေဟာ ဒေသန္တရအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာအားကောင်းဖို့၊ ပွင့်လင်းမြင်သာဖို့နဲ့ လူထု တရားဝင်မှု မြင့်မြင့်မားမားရလာဖို့အတွက် ကောင်းမွန်သော လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသား ညီ ညွတ်ရေး အစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ၊ ကရင်နီပြည်အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ၊ တအာင်းပြည်ကောင်စီဥက္ကဌ ၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ခံများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဥက္ကဌ ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များနှင့် တော်လှန်ရေးအင်အားစုအသီးသီးမှ တာဝန်ခံကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
NUG အစိုးရအနေဖြင့် ဒေသအလိုက်ထွက်ပေါ်လာသည့် နိုင်ငံရေးအစီအမံများကို အားပေးထောက်ခံ ပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

NUG အစိုးရအနေဖြင့် ဒေသအလိုက်ထွက်ပေါ်လာသည့် နိုင်ငံရေးအစီအမံများကို အားပေးထောက်ခံ ပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၂ NUG အစိုးရ အနေဖြင့် ဒေသအလိုက်ထွက်ပေါ်လာသည့် နိုင်ငံရေး အစီအမံများကို အားပေးထောက် ခံပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်း အဝေး ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက...