NUG News

NUG News

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွားတိုင်း ရင်းသားများနှင့်တွေ့ဆုံပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုပွဲကျင်းပ

 

D Day News

ဇွန်လ ၁၇

 

 

အမျိုးသားညီညွတ်ရေးအစိုးရ – NUG နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာ အောင် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မွေးနေ့အကြိုပွဲကျင်းပခဲ့ ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့က ဆစ်ဒနီ မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူ ၃၀၀ ကျော်ခန့် နှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် သံတမန် ဆက်ဆံရေး ကဏ္ဍများတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေသော အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တက်ရောက်သူများ မေးမြန်းသည့် တော်လှန်ရေး အခြေအနေအရပ်ရပ်၊ မဟာမိတ်ဆက် ဆံရေး အခြေအနေ ၊ လက်ရှိ ဩစတေးလျ ခရီးစဉ်၏ ရည်ရွယ်ချက် မျှော်မှန်းချက်များနှင့် ဆောင် ရွက်ရန်ရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါတွေ့ဆုံပွဲ အစီအစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ၏ မွေးနေ့အကြိုအဖြစ် သီချင်းဖြင့် ဂုဏ်ပြုခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် မွေးနေ့ ဆုတောင်း ခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...