စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၀

အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး ၎င်း ရဲ့ အာဏာ တည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ အတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိရေး တို့အတွက် ကြိုးပမ်းနေခြင်းဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေအားလုံးအနေနဲ့ စု စည်း ညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း ဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ တိုက်တွန်းပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်း အရုံး (KNU) ၊ အာရက္ခတပ်တော် (AA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကရင်အမျိုး သား တိုးတက်ရေး ပါတီ (KNPP) စသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦး တော်လှန်ရေး အင်အားစုများက ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပခွင့်ပြုလုပ်မည် မဟုတ် ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

“၂၀၂၀ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြု ကော်မတီ ဟာ၂၀၂၁ ခုနှစ် မတ်လ ၃၀ရက်နေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေလုပ်ဆောင်လျက်ရှိတဲ့တရားမဝင်အတု အ ယောင် ရွေးကောက်ပွဲအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ သာဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူ တွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ အာဏာ တည်မြဲရေးအတွက် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုဟန်ပြလုပ်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့်လူပုဂ္ဂိုလ်နှင့် ဖွဲ့စည်းပုံ အချို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည့်အပြင် မြို့နယ် (၆၃) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြောင်း၊ထို့ပြင် ကျန်မြို့ နယ်များ၌လည်း ပြည်သူလူထု၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်၊ လုံခြုံ ရေးနှင့်လူ့အခွင့်အရေးများကို စိတ်တိုင်းကျ ချိုးဖောက်ထိပါးနိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်အသိပေးထားသည်။

“စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်တွေမှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲက ဟိုပန်မြို့ ပါဝင် သလို၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က စိုးမိုးထိန်းချုပ် ထားတဲ့ မြို့နယ်အချို့လည်း ပါဝင်ပါတယ်။ ဒီလုပ်ရပ်တွေဟာ အပစ်အခတ်ရပ်စဲတယ်လို့ ဟန်ပြ ကြေညာ ထားတဲ့ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ မြန်မာ ပြည် သူလူထု တရပ်လုံးကို စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီ့ စိန်ခေါ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေ ကြောင်းတိုက်ခိုက်မှု တွေ၊ စစ်ရာဇဝတ်မှု တွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု တွေ၊ အဓမ္မစစ်သားစုဆောင်းမှု တွေ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ် မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာကို ယခင်ကထက် ပိုမိုပြီး ဆတိုးလုပ်ဆောင်လာနေ တာကို လည်းတွေ့ရပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ် တပ် စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ပဲခူးခရိုင်ပကဖထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နေ့လည်ပိုင်းက ရွှေကျင်မြို့နယ်၊...