၂၀၂၅ ခုနှစ်၊ ဇွန်လမှစ၍ PDF ရဲဘော်များကို လစဉ်ထောက်ပံ့ပေးနေဟု NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပြောဆို (ရုပ်သံ)

၂၀၂၅ ခုနှစ်၊ ဇွန်လမှစ၍ PDF ရဲဘော်များကို လစဉ်ထောက်ပံ့ပေးနေဟု NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ပြောဆို (ရုပ်သံ)

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၀

၂၀၂၅ ခုနှစ်၊ ဇွန်လမှစ၍ PDF ရဲဘော်များကို လစဉ်ထောက်ပံ့ပေးနေကြောင်း အမျိုးသား ညီညွတ် ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

PRF ထောက်ပို့တပ်သားများထံသို့ ဂုဏ်ပြုစကားပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

“PDF ရဲဘော်တွေရှေ့တန်းမှာ စိတ်ဖြောင့်ဖြောင့် တိုက်ပွဲဝင်နိုင်ဖို့ PRF ရဲဘော်တွေနောက်တန်း ထောက်ပို့မှုက အထူးအရေးကြီးပါတယ်။ PDF တပ်ရင်းတပ်ဖွဲ့တွေကို အရင်က အကြိမ်ရေနဲ့ ထောက် ပံ့ခဲ့ရာကနေ ပြီးခဲ့တဲ့ ဇွန်လမှစပြီး လစဉ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ PRF အစီအစဉ်မှာ ဆက်လက် ပါဝင်ခြင်းအားဖြင့် တော်လှန်ရေးရဲဘော်တွေလိုအပ်နေတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ခွန်အားများ ဆက်ပြီး ချီးမြှင့်ကြပါလို့ ကျနော့်အနေနဲ့ နှိုးဆော်ချင်ပါတယ်။” ဟု NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

PRF အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစတင်ခဲ့ရာ ယခုဆိုရင်လျှင် ၄ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ် ကြောင်း၊ လစဉ်မပျက်မကွက် ထောက်ပို့ခဲ့ကြသည့် PRF ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦးနေအိမ်ပါ ၁၀ လုံးထက်မနည်းကို မီးရှို့ခဲ့သည့် စစ်ကြောင်း အား တိုက်ခိုက်မှု စစ်သား ၁၃ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦး၏နေအိမ်အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်သည်။ စက်တင်ဘာလ ၂၈ ရက်နေ့က...