ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ သာယာဝပြောသည့် နိုင်ငံပေါ်လာမည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလပြော

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ သာယာဝပြောသည့် နိုင်ငံပေါ်လာမည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလပြော

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ သာယာဝပြောသည့် နိုင်ငံထွက်ပေါ်မည်ဖြစ် ကြောင်း NUG အစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ဇူလိုင်လ ၂၉ ရက်နံနက် ၁၀ နာရီက ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉/၂၀၂၅ အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ​သာလျှင် ကျ နော်တို့ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကတော့ ကျနော်တို့ အားလုံးရဲ့ စိတ်ဆန္ဒ ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒ လည်း ဖြစ်ပါတယ်၊”ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ထို့ကြောင့် အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ရမည်ဖြစ်ပြီး တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည် ၍ ကိုယ်ကျိုးစွန့်လွှတ်ကာ တိုင်းသူပြည်သားများ၏ အနာဂတ်ကို တည်ဆောက်ရေး စိတ်ထားကို ထားကြရန် ဆက်လက်တိုက်တွန်းထားသည်။

“တချို့နေရာတွေမှာ reform လုပ်ရမှာဖြစ်ကြောင်း၊ အဲလိုလုပ်လာတဲ့အခါမှာ ကျနော်တို့အားလုံးဟာ တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည်လို့ ကိုယ်ကျိုးစွန့်ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အနာ ဂတ် တည်ဆောက်နေတဲ့သူတွေ ဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်ပြီး တော့ ရပ်တည်သွားဖို့ လိုပါတယ်၊ အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ တော်တော် ကောင်းတယ်လို့ပဲ ကျနော်ခံယူပါတယ်၊ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ပါတယ်၊ ဘယ်ဟာမှ အတည်တကျ မရွေ့မပြောင်း မပြောင်းမလဲ ရှိတာတော့မဟုတ်ပါဘူး၊ လောကမှာတော့ ကောင်းတာကနေ ပိုပို ကောင်းလာအောင် ကျနော်တို့ အမြဲတမ်းသွားနေရတဲ့ ကမ္ဘာဖြစ် ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

Thanlwin Myanamr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...