နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများ၊ ဒေသနေပြည်သူများထံ ကွင်းဆင်းပြီး တွေ့ဆုံ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၃၀
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများက NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်၍ ဒေသနေ ပြည် သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားများနှင့် အနီးကပ်ထိတွေ့၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အ ထောက်အကူပြုနိုင်ရန်၊ မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နှင့် ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအပြင် ထိန်းချုပ်နယ်မြေအတွင်း၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိ ရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်၌ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြသည့် တော်လှန်ရေး ရဲ ဘော်ရဲဘက်များနှင့် တွေ့ဆုံ၍ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင် ပေး နိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတအပါအဝင် အမျိုးသားညီ ညွတ်ရေး အစိုးရ တာဝန်ရှိသူများသည် မြေပြင် ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်သည်ဟု ဆို သည်။
ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြိုနယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြိုနယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ခံများ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူး နှင့် ရုံးအဖွဲများ၊ မြိုနေ ရပ်မိရပ်ဖိများ၊ သံဃာတော်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ခရီးစဉ်အတွင်း စစ်ဘေး ရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေး အနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ခရီးစဥ်တွင် နိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်း မာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သား များ ပါဝင်ခဲ့ကြောင်း သိရသည်။
ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူများ၏ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media