NUG News

NUG News

𝐘𝐚𝐧𝐠𝐨𝐧 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တွင် ဆရာ၊ ဆရာမ ၁၈၀ ဦးခန့်ဖြင့် သင်ကြားနေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၉

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ပြည်သူ့ပညာရေး ကျောင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော 𝐘𝐚𝐧𝐠𝐨𝐧 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တွင် ဆရာ၊ ဆရာမ ၁၈၀ ဦးခန့် စာသင်ကြားပေးနေကြောင်း သိရသည်။

 

𝐘𝐚𝐧𝐠𝐨𝐧 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 သည် ပြည်သူ့ပညာရေးတိုးတက်စေရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျောင်းလခဟူ၍ ကောက်ခံခြင်းမရှိပဲ လစဉ်လှူဒါန်းသော မိဘပြည် သူများ၏ လစဉ် အလှူရန်ပုံငွေဖြင့်သာ ကျောင်း၌ တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ ၁၈၀ ဦးခန့်ကို လစဉ် ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ရုံးလုပ်ငန်းဆိုင်ရာကုန်ကျစရိတ်အနေဖြင့် Zoom Acc များဝယ်ယူခြင်း ၊ Domain Mail များဝယ်ယူ ခြင်း ၊ ဆရာ၊ဆရာများ၏ အရေးပေါ် (ကျန်းမာရေးနှင့်သဘာဝဘေးအခြေအနေကိစ္စများတွင်ထောက် ပံ့ကူညီပေးခြင်း နှင့်ကျောင်းနှင့်ဆက်စပ်သော မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို ထောက်ပံ့ ပေးခြင်း တို့ရှိပြီး လစဥ်လတိုင်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ခန့်ဖြင့် လည်ပတ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသော မတည်ရန်ပုံငွေများကို ကျပ်သိန်း ၂၀၀ ကမ်ပိန်းပြုလုပ်ကာ ရှာဖွေလျက်ရှိပြီး နွေဦးဘဏ် – SDB မှ တဆင့် အနည်းဆုံး ၅၀၀၀ ကျပ်မှစတင်ကာ

 

https://bit.ly/TawHlanPyinNyarYay

 

နှင့် 𝐘𝐚𝐧𝐠𝐨𝐧 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 အတန်းမှူး ဆရာ၊ဆရာမများ ၊သင်ကြားရေးဆရာ ၊ဆရာမများ ထံသို့လည်းကောင်း၊

 

https://www.facebook.com/profile.php?id=100083516281510&mibextid=ZbWKwL

 

YFS Page Messenger မှလည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ ကမ်ပိန်းအလှူငွေများကို Yangon Federal School မှ စနစ်တကျချမှတ်ထားသော ရည်ရွယ် ချက်များအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁...