NUG News

NUG News

ကိုရီးယားအစိုးရနှင့် ကိုရီးယားပြည်သူများအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူကို အစဉ်အားပေး ကူညီထောက်ပံ့ပေးကြပါရန် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးမှူး မစ္စတာ ချွဲစူးဒုံက တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

ကိုရီးယားနိုင်ငံအစိုးရနှင့်ကိုရီးယားပြည်သူများအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများ ကို အစဉ်အားပေး ကူညီထောက်ပံ့ပေးကြပါရန် ဆိုးလ်မြို့တော်အုပ်ချုပ်ရေးမှူး မစ္စတာ ချွဲစူးဒုံက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

ယနေ့မေလ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် 5.18 ဂွမ်ဂျူးဒီမိုကရေစီ တော်လှန်ရေး ၄၅ နှစ်မြောက် အောက် မေ့ဖွယ်အခမ်းအနားကျင်းပခဲ့ရာ ဆိုးလ်မြို့တော်အုပ်ချုပ်ရေးမှူး မစ္စတာချွဲစူးဒုံက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုလ်း မြိုတော် အုပ်ချုပ်ရေးမှူး မစ္စတာ ချွဲစူးဒုံ မှ ဂုဏ်ပြုအောက်မေ့ဘွယ်စကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် ပွဲမှနေ၍ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ မြန်မာပြည်သူများက စစ်အာဏာ ရှင် စနစ်မှ လွတ်မြောက်စေရေးအတွက် တော်လှန်တိုက်ပွဲနေမှုကိုလည်း ကိုရီးယားအစိုးရနှင့် ပြည် သူတို့ အနေနှင့်လည်း အစဉ် အားပေးထောက်ပံ့ကူညီ ပူးပေါင်းပေးကြစေလိုကြောင်း နှင့် ယနေ့ အခမ်း အနား သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စား လှယ် ဦးရန်နိင်ထွန်းကိုလည်းအထူးဖိတ်ကြားထားပြီး ကိုယ်စားလှယ်ကြီးကိုယ်တိုင် တက်ရောက်နေ သည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယား သမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိင်ထွန်း နှင့် နှင့် NUG Korea ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးတင်ဌေးအောင်နှင့် မြန်မာ့နွေဥှီးတော်လန်ရေးတွင် တက်ကြွစွာပါဝင်ဆောင် ရွက်ကြသည့် မြန်မာရဲဘော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ထို့အပြင် ကိုရီးယား အစိုးရအဖွဲ့များမှ ဝန်ကြီးများ ၊ ပါတီအဖွဲ့အစည်းအသီးသီးမှ လွှတ်တော် အမတ် များ နိုင်ငံတကာသံတမန်များနှင့် အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း၊ ၄၅ နှစ်မြောက် ဒီမိုကရေစီတော်လှန်ရေး အောက်မေ့ဘွယ် အခမ်းအနားများကို ကိုရီးယားနိုင်ငံအနှံ့အပြားတွင် ကျင်း ပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ဂွမ်ဂျူးမြို့မှ စတင်၍ ကိုရီးယားနိုင်ငံအတွင်း စစ်အာဏာရှင်တို့၏ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသား ၊အလုပ်သမားနှင့် ပြည်သူလူထု တရပ်လုံးက ဒီမိုကရေစီအရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ ယင်းနေ့ကို သမိုင်းဝင်နေ့အဖြစ်သတ်မှတ်ခဲ့ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇဝတ်ပြစ်မှုကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီးရန် လို အပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့   သံလွင်မြန်မာသတင်း မေလ ၁၇   တရုတ်နိုင်ငံအနေဖြင့် စစ်ရာဇတ်မှုပြစ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဖိအားပေးတားဆီရန် လိုအပ်ကြောင်း စစ်ကိုင်းဖိုရမ်က အိတ်ဖွင့်ပေးစာပို့ထားကြောင်း သိရသည်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို...