NUG News

NUG News

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦးနှင့် ထိခိုက်ဒဏ် ရာရရှိသူ ၁၀၂ ဦးရှိ၊ နိုင်ငံတကာ တရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံးများတွင်ပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မေလ ၁၄

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှု သေဆုံးသူ ၂၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိပြီး နိုင်ငံတကာ တရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံး များတွင်ပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနထံက သိရသည်။

 

မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်း ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပြည်သူ ၁၀၂ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော အိုးတိန်တွင်း ကျေးရွာနေ ပြည်သူ ၅၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝန်း ယာယီအပစ်အခတ် ရပ်စဲရေးကို မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူများကို ပစ်မှတ် ထားကာ တိုက်ခိုက်မှုများ ပိုမိုတိုးမြင့်လာခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရ သည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက် ခံရသည့် ဖြစ်စဉ်ပေါင်း ၂၆၇၉ ကြိမ် ရှိကာ ကျောင်းပေါင်း ၂၄၀ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇ ဝတ်မှုမြောက်သော ကျူးလွန်မှုဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ယခုကဲ့သို့ လူမဆန်သည့် ကျူးလွန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေခြင်း ဖြစ်ကြောင်း NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ကျူးလွန်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရန်အ တွက် နိုင်ငံတကာ တရားရုံးများတွင်သာမက နိုင်ငံအလိုက် တရားရုံးများတွင်ပါ တရားမျှတမှု ဖော် ဆောင်နိုင်ရေး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

 

ဤလူမဆန်သော တိုက်ခိုက်မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဤကဲ့သို့ အရပ် သား၊ ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက် တိုက်ခိုက်နေမှုများကို ရပ်တန့်စေရေး ဖိအားပေးဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း...