NUG News

NUG News

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဩစတြေးလျ ပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လက်ခံတွေ့ဆုံ

 

D Day News

ဇွန်လ ၇

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC၊ the honourable John Fulbrook တို့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၆ ရက်နေ့က တောင်သြစတြေးလျပြည်နယ်လွှတ်တော်၌ တောင်သြစတြေးလျ ပြည်နယ် အ စိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် the Honourable Tung Ngo MLC ၊ the Honourable John Fulbrook တို့က အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အမျိုးသားညီညွတ် ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူ ထောင်ရေးချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေ သော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံ သုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအား ထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန် မာနိုင်ငံပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုး သားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုတို့ကို အလေးပေး ပြောကြား ခဲ့ကြောင်း သိရသည်။

The Honourable Tung Ngo MLC နှင့် the honourable John Fulbrook တို့ကလည်း ၄င်းတို့သည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီ လိုလား ချက်များကို ထောက်ခံသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံမှုအပြီး၌ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပြည်နယ် အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison တို့က နေ့လည်စာဖြင့် ပြည်နယ်လွှတ်တော် အဆောက်အဦတွင် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

နေ့လယ်စာ စားပွဲ၌ ဝန်ကြီး H.E. Zoe Bettison က တောင်သြစတြေးလျပြည်နယ်၏ ရိုးရာယဉ် ကျေးမှုစနစ်၊ အကောင်အထည်ဖော်မှုဆိုင်ရာများနှင့်ပတ်သက်၍ သူမ၏အတွေ့အကြုံများကို မျှဝေခဲ့ သည့်အပြင် ယဉ်ကျေးမှုပေါင်းစုံစနစ်ကို တောင်ဩစတြေးလျ လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နေသည့် အတွေ့အကြုံများက အနာဂတ်တွင် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အကျိုးဖြစ်ထွန်းစေနိုင်မည့် အတွေးအခေါ်ကောင်းများ ရရှိနိုင်မည်ဟု H.E. Zoe Bettison က ပြောကြားခဲ့ကြောင်း သိရသည်။

 

နေ့လယ်စာသုံးဆောင်ပြီးနောက်တွင် H.E. Zoe Bettison က ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့်အဖွဲ့အား တောင်သြစတြေးလျပါလီမန်ကျင်းပချိန်တွင် ဝင်ရောက်လေ့လာနိုင်ရန် ဖိတ်ကြားခဲ့ပြီး တောင်သြစတြေးလျ ပါလီမန်၊ အောက်လွှတ်တော် သဘာပတိ the Honourable Leon Bignell က ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပါလီမန် ကျင်းပနေပုံနှင့် လုပ်ထုံးလုပ်နည်းများအား လေ့လာခဲ့ကြ သည်ဟု ဆိုသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခရီးလမ်းကို ပံ့ပိုးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဒီမိုကရေစီ မဟာမိတ်များ၏ အခန်း ကဏ္ဍကို အလေးပေး ပြောကြားခဲ့ပြီး တောင်သြစတြေးလျပြည်နယ်ပါလီမန်က နွေးထွေးစွာ ဧည့်ခံ ခဲ့ခြင်းနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန် ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်းစစ်ပေးရန် တောင်းဆို

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၆ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ UAB ဘဏ်ကို ဝန်ဆောင်မှုပေးသူအဖြစ် ဆောင်ရွက်နေသည့် ဂျပန်ငွေပေးချေရေးကုမ္ပဏီ JCB ကို ဆန်း စစ်ပေးရန် တောင်းဆို Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်သည်။ UAB ဘဏ်သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ...