NUG News

NUG News

အပြစ်မဲ့ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို လေကြောင်းကမှ တိုက် ခိုက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်ပဲ ပြင်းထန်စွာ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်သွားမည်ဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

အပြစ်မဲ့ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို လေကြောင်းကမှ တိုက် ခိုက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်ပဲ ပြင်းထန်စွာ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်သွားမည်ဟု NUG အစိုးရ ထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီ ၄၀ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေး ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး၊ ကလေး သူငယ် ၂၀ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၄၀) ဦးကျော် ရှိကြောင်း သိရ သည်။

 

ထိုသို့ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေ ကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်း ပါဝင်သူများ အားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ပြီး မည်သည့် အ ကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည် မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသော ကျောင်း များ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အသိပေးထားသည်။

 

NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ် လုံးနှင့် လက်တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီး   သံလွင်မြန်မာသတင်း မေလ ၁၈   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂...