NUG News

NUG News

တော်လှန်ရေး၏ အရေးကြီးသည့် ကာလအပိုင်းအခြားသို့ရောက်ရှိနေပြီဖြစ်၍ ပြည်သူလူထု အနေ ဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့်တကွ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာ ငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူး တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မေလ ၇

 

တော်လှန်ရေး၏ အရေးကြီးသည့် ကာလအပိုင်းအခြားသို့ရောက်ရှိနေပြီဖြစ်၍ ပြည်သူလူထုအနေ ဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့်တကွ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာ ငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူးတိုက်တွန်းထားသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည်မှ စတင်၍ ယနေ့ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တပ်ရင်း ထောက်ပံ့ စရိတ်အဖြစ် (၂၇) ကြိမ်တိတိ ပေးပို့ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်း အမေရိကန် ဒေါ်လာ (၂၄.၉) သန်းခန့်ရှိကြောင်း သိရသည်။

 

ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းတွင်ဖွဲ့ စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF) တပ်ရင်း၊ တပ်ဖွဲ့ (၃၀၀) ကျော်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ယခုပေးပို့ပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အဖြစ် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၀.၉) သန်း ခန့် သုံးစွဲခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၂.၅  သန်း ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်၏ ၃၄ လတာအတွင်း (၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာ) ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နုတ်သုံးစွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) စတင်သည့် အချိန်မှ ယနေ့တိုင် တာဝန်တခုအနေဖြင့် ထမ်းဆောင်ခဲ့ကြသူ တဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်း တင်အပ် ပါကြောင်းနှင့် တော်လှန်ရေး၏ အရေးကြီးသည့် ကာလအပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်၍ ပြည်သူ လူထုအနေဖြင့်လည်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) နှင့်တကွ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူး တိုက်တွန်း အပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာတ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရဟု TNLA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၅   အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း ၊လက် နက်ကြီးများဖြင့် တိုက်ခိုက်နေမှုကြောင့် နောင်ချိုမြို့ကို လက်လွှတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။   ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီက...