စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ပန်းတိုင်ကို မျက်ခြေမပြတ်ရန် PDF ရဲဘော်များကို ယာ ယီသမ္မတ တိုက်တွန်း (ရုပ်သံ)
သံလွင်မြန်မာသတင်း
မေလ ၅
စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချုပ်ငြိမ်းရေး အတွက် မလျှော့တမ်း တော်လှန်သွားရမည်ဖြစ်ပြီး ယင်းပန်းတိုင်ကို မျက်ခြည်မပြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းမှာကြားသည်။
ယနေ့ မေလ ၅ ရက်တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း (၄) နှစ် ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေးခရီးဆိုတာ အစဉ်အမြဲ ချောမွေ့နေတာ မဟုတ်သလို အမြဲတမ်း တသမတ်တည်း ဖြစ် ထွန်းနေတာလည်းမရှိတက်ဘူးဆိုတာ သဘောပေါက်ကြဖို့ ဖြစ်ပါတယ်။ အနိမ့်အမြင့် အတက်အကျ အချိုး အကွေ့တွေမှာ မူလပန်းတိုင်အပေါ် မျက်ခြေမပြတ်ဖို့ လိုပါတယ်”ဟု ယာယီသမ္မတက ပြော ကြားသည်။
စစ်အာဏာသိမ်းမှုကို တော်လှန်ရန် ပေါ်ထွက်လာသည့် PDF တပ်မတော်သည် လေးနှစ်သာ ရှိ သော်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် စစ်အာဏာရှင် ထောက်တိုင် စစ်ယန္တရားများကို တုန်လှုပ်ခြောက်ခြားစေသည်အထိ စစ်ရေးစစ်ရာများ ကိုင်လှုပ်နိုင်ခဲ့ ကြောင်း၊ စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးသည့် စိတ်ထက်သန် ပြင်းပြမှုနှင့် ပြည်သူ့တော်လှန်ရေး အပေါ် ပြင်းပြသည့် ခံယူချက်ကြောင့် အချိန်တိုကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ လက် အောက်ခံတပ်ရင်းတပ်ဖွဲ့အမြောက်အများကို ချေမှုန်းတော်လှန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထား သည်။
“အဲဒီလို လုပ်နိုင်တာဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်မတော်အပေါ် ဝိုင်းဝန်းကျေးဇူးပြုမှုကြောင့်လည်း ပါဝင်တာတွေ့ရပါတယ်။ စစ်မှန်တဲ့ တော်လှန်ရေးသည်သာ စစ်မှန်တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည် ပါတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ ၄ နှစ်တာကာလအတွငး် ပြည်သူလူထုရဲ့ လမ်းညွှန်မှုကို ခံယူကာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းနေခဲ့တာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အလျောက် လက်နက် နှင့် ပတ်သက်သည့် လေးနက်သည့် ခံယူချက်၊ ယုံကြည်ချက်မရှိပါက တိုင်းပြည်နှင့် ပြည်သူ့အတွက် အန္တရာယ်များသည့် အဖွဲ့အစည်းဖြစ်သွားတက်ကြောင်း ၎င်းက ဆက်လက် သတိပေးထားသည်။
“ကျနော်အခုပြောတဲ့ အချက်ဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ လူထုလမ်းစဉ် ယှဉ်တွဲနေတဲ့နေရာမှာ ခိုင် မာတဲ့ နိုင်ငံရေးအမြင်တရပ်ကို လေးနက်စွာ ခံယူထားရေးကို ပြောနေတာဖြစ်ပါတယ်။ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ရဲ့ အခြေခံမူဟာ ပြည်သူကို ကာကွယ်ဖို့ ဖြစ်ပြီး ပြည်သူကို ရန်ပြုဖို့ မဟုတ်ဘူး ဆိုတာ လေးလေးနက်နက် ခံယူထားဖို့သာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ရန်သူကို မီးလိုကျင့်ပြီး ပြည် သူအပေါ် ရေလို ကျင့်ဖို့လိုပါတယ်။ ဒါ့အပြင် ကျနော်တို့ဟာ ရန်သူအပေါ် နေလိုကျင့်ပြီး ပြည်သူ့ အပေါ် လလို ကျင့်ဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။
Thanlwin Myanmar Media