NUG News

NUG News

ပသုံးလုံးအဖွဲ့များအနေဖြင့် အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများကို မရိုးမသားစီမံခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိနေရပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သွားမည် ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်းသန်းပြော

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပသုံးလုံးအဖွဲ့များအနေဖြင့် အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများ ကို မရိုးမသားစီမံခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိနေရပြီး ပြုပြင်ပြောင်း လဲရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်းသန်းပြောက ပြော ကြားသည်။

 

ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၅ တွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန် ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တော်လှန်ရေးကာလအတွင်း ကြား ကာလအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများစွာရှိခဲ့သော်လည်း အုပ်ချုပ်ရေး လေဟာနယ်မဖြစ်စေရန်နှင့် ပြည်သူ့ဝန်ဆောင်မှု၊ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် ကြိုး ပမ်းခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုသည်။

 

သို့ရာတွင် အချို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများကို မရိုးမသားစီမံခြင်းနှင့် ကိုယ် ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိရသည့်အပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အစိုးရ၏ လုပ်ငန်းပိုင်ဆိုင်ရာ ကြပ်မတ်မှုများတွင်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ပသုံးလုံးယန္တရား ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုးပမ်းဆောင်ရွက်မှုတိုင်းမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြား သည်။

 

အစိုးရအဖွဲ့ဝင်များအနေဖြင့်အလုပ်တာဝန်များ များပြားလွန်းသဖြင့် အချိန်နှင့်လူကို သေချာ စီမံ ခန့် ခွဲကာ တော်လှန်ရေးရှေ့ခရီးကို ကျန်းမာဘေးကင်းစွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေဟု ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန် ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စစ်တပ်ဘန်ကာအတွင်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...