NUG News

NUG News

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် ထားသည့် သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ်ပေါက်လာစေရန် တိုက် တွန်းနေမှုများရှိပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် ထားသည့် သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းကြားသည်။

 

ယမန်နေ့ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံတကာမှ မြေငလျင်လှုပ်ခတ် မှု ကို အကြောင်းပြု၍ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် တိုက်တွန်းနေမှုများ အမြောက်အများရှိလာသည်ကို တွေ့ရှိရကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မြန်မာတစ် နိုင်ငံလုံး ငြိမ်းချမ်းရန်၊ တည်ငြိမ်ရန်မှုရန် အစဉ်တစိုက်လိုလားလျက်ရှိကြောင်း အသိပေးထားသည်။

ထို့ကြောင့် NUG အစိုးရ အနေဖြင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်တွင် “မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲရန်” ပထမဆုံး ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် ပြည်သူလူထု၏ လိုလားချက်များကို လျစ်လျှူမရှုမိစေရန် အာရုံစိုက်ကြရ မည်ဖြစ်ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

 

“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပြည်သူလူထုရဲ့ အဓိက လိုလားချက်တွေကို လျစ်လျှူ မရှုဖို့တော့ ကျွန်တော်တို့ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း “စစ်ကောင် စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြ ဖို့” ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည် သုံး သပ်နိုင်ဖို့ လိုတာက “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တ ကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး” ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်။” ဟု NUG အစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ် ပယ် များတွင် တာဝန်ယူထားကြသည့် အစိုးရအဖွဲ့ဝင်များသည် တော်လှန်ရေးတာဝန်နှင့်အတူ နိုင်ငံရေး တာဝန်များကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် အစိုးရအဖွဲ့ဝင် အ ချင်းချင်း အပြန်လှန် ဝေမျှရန်၊ အပြန်အလှန် အထောက်အကူပြုကြရန်နှင့် လက်တွေ့ အကောင် အ ထည်ဖော်သည့် လုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဖြင့် အမြှော်အမြင်ရှိရှိ လုပ်ဆောင်ကြရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

GZA ၊ ဗိုလ်နဂါးတပ်ဖွဲ့တို့အနေဖြင့် YDF တပ်တွင်းမပြေမှုများတွင် မဟာမိတ်ပုံစံမျိုးဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် YDF ခွဲထွက်အဖွဲ့မှ နိုင်ငံရေးမှူး ကိုငယ်တောင်းဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၈   Generation Z Army တပ်ဖွဲ့နှင့် ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့အနေဖြင့်...