NUG News

NUG News

စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်သည်လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနပြောဆို

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃

 

အကြမ်းဖက်စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်သည် လီဆယ်လှည့်ဖျားမှုသာဖြစ် ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။

 

ယနေ့ ဧပြီလ ၃ ရက် နံနက် ၆ နာရီခန့်က မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သ ရောက်ရဲစခန်းမှ တင့်ကား ၂ စီးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သည် လမ်းတလျှောက်ကျေးရွာများဖြစ်သော မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာ များရှိ ပြည်သူ ပိုင် နေအိမ်များကို ပွိုင့် ၅ စက်သေနတ်ကြီး အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၆၀၀ ခန့်ပါသော ရန်သူ့စစ်ကြောင်းသည် မတ်လ ၂၀ ရက်နေ့ကတည်းက ညောင်ဦး မြို့ နယ်နှင့်ချောက်မြို့နယ်ကြားရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်နေ အိမ်များကို မီးရှို့ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းနှင့်ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းများကို အဓမ္မ ခိုးယူ လုယက်ခြင်းများ ပြုလုပ်နေသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူလူထုအပေါ်တိုက်ခိုက်နေမှုကြောင့် ဒေသ နေ ပြည်သူ ၂၀၀၀၀ ခန့်စစ်ဘေးရှောင်နေရကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်သည် အပစ်ရပ်သည်ဟု ကြေညာသော်လည်း လက်တွေ့တွင် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် မြေပြင်စစ်ကြောင်း ထိုးခြင်းများ စဥ်ဆက်မပြတ် ပြုလုပ်နေ ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထို့အပြင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ တက် လာသော အကြမ်းဖက်စစ်တပ်၏ MI-2 ဘက်စုံသုံး ရဟတ်ယာဥ်သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ်ရွာနှင့်ရွှေမှော်အနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးသီး ၁၃ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...