NUG News

NUG News

NUG နှင့်EROs ထိန်းချုပ်နယ်မြေများရှိ ငလျင်ဒဏ်သင့်ပြည်သူများအထိ သွားရောက်ကူညီပေးကြပါ ရန် မေတ္တာရပ်ခံ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် NUG နှင့် EROs ထိန်းချုပ်နယ်မြေများရှိ ငလျင်ဒဏ်သင့်ပြည်သူများထံအထိ သွားရောက်ကူညီပေးကြပါရန် NUG အစိုးရ၊ ပြည်ထောင်စုဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မေတ္တာရပ်ခံထားသည်။

 

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၇/၂၀၂၅” တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို မသွားနိုင်ဖို့ ပိတ်ပင်တားဆီးနေတာတွေရှိပါတယ်။ ဒါကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီ ပို့ဆောင်တဲ့နေရာတင်မဟုတ်ပဲ ငလျင်ဒဏ်ခံစားကြရပြီး အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းက နေရာဒေသတွေ ဆီကိုလည်း ရောက်ရှိကူညီပေးကြဖို့ မေတ္တာရပ်ခံလိုသလို အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောကြားပါရစေ။” ဟု ဦးနေ ဘုန်းလတ်က ပြောကြားသည်။

 

ငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုထောင်ထဲရှိ အဆောက်အဦအချို့လည်းပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် မတရားဖမ်းဆီးအကျဉ်းချခံရထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အခြေအနေကို အထူးစိုးရိမ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...