NUG News

NUG News

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို အမျိုးသား ညီညွတ်ရေး အစိုးရက နည်းမျိုးစုံဖြင့် အပြည့်အဝအကာအကွယ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

 

သံလွင်မြန်မာသတင်း

မတ်လ ၈

 

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို အမျိုးသား ညီညွတ်ရေး အစိုးရက နည်းမျိုးစုံဖြင့် အပြည့်အဝအကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ပေးပို့သော သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်ဖိနှိပ်မှုမှန်သမျှကို အမျိုးသား ညီညွတ်ရေး အ စိုးရက နည်းမျိုးစုံဖြင့် အပြည့်အဝ အကာအကွယ်ပေးသွားမည်ဟု ကတိပြုပြောကြား ရင်း ကမ္ဘာ တစ်ဝှမ်းလုံးတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှရေးတို့အတွက် ဆက်လက်ပြီး အ တူတကွ ဝိုင်းဝန်းကြိုးစားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့ အပ်ပါ သည်ဟု ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “All women and Girls; Rights, Equality, Empowerment. အားလုံးသောအမျိုးသမီးများနှင့် မိန်းကလေးများ အတွက် အခွင့်အရေး၊ တန်းတူမှု၊ လွတ်လပ်မှု” ဖြစ်ပြီး ကမ္ဘာတဝှမ်း လုံးတွင် အမျိုးသမီးအခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှရေးတို့အတွက် ရည်ရွယ်၍ အသိအမြင် မျှဝေခြင်း လှုပ်ရှားမှုများကို ကျင်းပ လျက်ရှိကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှု ဒဏ်ကြံ့ကြံ့ခံပြီး နည်းမျိုးစုံဖြင့် တော်လှန် ခုခံနေကြသော အမျိုးသမီးထုကို ဂုဏ်ပြုအပ်ပါကြောင်း ၊

၂၀၂၅ ခုနှစ်သည် ဘေဂျင်းကြေညာစာတမ်းနှင့် လှုပ်ရှားမှုအစီအစဥ် (Beijing Declaration and Platform for Action) ၏ အကြိမ် (၃၀)မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က အသိပေးထားသည်။

 

ဘေဂျင်းစာတမ်းသည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးအတွက် ထိရောက်ပြီး ကျယ်ပြန့် စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြောင်း၊ နှစ်သုံးဆယ် ကြာပြီးနောက် တိုး တက်မှု အချို့ ရရှိခဲ့သော်လည်း ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ မညီမျှမှုများ၊ နိုင်ငံရေး ကိုယ်စားပြုမှု နည်းပါးခြင်းများသည် ကမ္ဘာတစ်ဝှမ်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ဆက်လက် အသိပေးပြောဆိုထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး နိုင်ငံရေးတွင် ကိုယ်စားပြု ပိုမိုပါဝင်လာနိုင်စေရေးအတွက် မူဝါဒများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကို အစဥ်တစိုက် ဦးတည်လုပ်ဆောင်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ရွာငံရဲစခန်းအချုပ်ထဲတွင် တပ်မ ၅၅ စစ်သားများက အသက် ၂၃ နှစ်အရွယ် မမိုးမိုးကိုနည်းမျိုးစုံ ရိုက်နှက်စက်သည့်အပြင် အမျိုးသမီးအင်္ဂါအတွင်း နံပါတ်တုတ်ဖြင့်ထိုးသွင်း၊ ရင်သားကို ခါးပတ်ဖြင့်ရိုက် နှက်နှိပ်စက်ခြင်းတို့လုပ်ဆောင်၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်  ...