NUG News

NUG News

NUG အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုး ၊ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂ ဥက္ကဌ၊ အမှုဆောင်များနှင့် တွေ့ဆုံ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၆

 

NUG အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုး ၊ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံအလုပ်သမား သမဂ္ဂ ဥက္ကဌ၊ အမှုဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ အမျိုး သမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒေါ်ရွှေ ရွှေ စိန်လတ်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမား သမဂ္ဂ များဖြစ်သော ဂျပန်တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Rengo) နှင့် အသေး စား၊ အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ (JAM) တို့မှ ဥက္ကဌ၊ အမှုဆောင်များ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည် ။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးနေသည့် အလုပ်သမား သမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုး သမီး၊ လူငယ် နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကပြောကြားခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင် ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ​၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီ ကာကွယ်ပေးနိုင်ရန်အတွက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

စစ်အုပ်စုက အဓမ္မပြုကျင့်ခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းတို့ကို စစ်နည်းဗျူဟာ၊ စစ်လက် နက်အဖြစ် အစဉ်တစိုက် အသုံးချ လာလျက်ရှိပြီး စစ်အုပ်စုကို ချုပ်ငြိမ်းနိုင်မှသာလျှင် ပဋိပက္ခ အ တွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်နိုင်မည်ဖြစ်ကြောင်း သံအမတ်အကြီး ဦးကျော်မိုး ထွန်းပြော   သံလွင်မြန်မာသတင်း ဇွန်လ ၂၀...