NUG News

NUG News

ပဲခူးတိုင်းအတွင်းရှိ ဆေးရုံနှင့် ပြန်လည်ထူထောင်ရေးစခန်းများသို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ လူနာတင်ယာဉ်နှင့် ကျန်းမာရေးဝန်ထမ်းများခန့်ထားနိုင်ရေး ဆွေးနွေး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

ပဲခူးတိုင်းအတွင်းရှိ ဆေးရုံနှင့် ပြန်လည်ထူထောင်ရေးစခန်းများသို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး နှင့်တာဝန်ရှိသူများက သွားရောက်၍ ကွင်းဆင်းစစ်ဆေးကာ လူနာတင်ယာဉ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ခန့်ထားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံ၊ ပြန်လည်ထူထောင်ရေး စခန်း များသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူများ၊ ပြန်လည်ထူထောင်ရေး စခန်းတွင် တက် ရောက် နေကြသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့အပြင် လူနာများသယ်ယူပို့ဆောင်ရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိသော လူနာတင်ယာဉ်များဖြည့် ဆည်းပေးနိုင်ရေး၊ လိုအပ်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားနိုင်ရေး တို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦး ကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ အမှတ်(၂) စစ်ဒေသ၊ စစ်ဒေသခွဲ(၂) စစ်ဒေသမှုး ဦးတင်ဦး၊ အမှတ်(၂) စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr YKZ ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပြီး ပြည်သူလူထုအား ကျန်း မာရေးဝန်ဆောင်မှုပေးအပ်နိုင်မှု အခြေအနေများကို လိုက်လံလေ့လာကာ လိုအပ်သော ထောက်ပို့ ကူညီမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...