NUG News

NUG News

PDF ထိန်းချုပ်ထားသော စစ်တောင်းမြစ်ဝှမ်းဒေသသို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိ သူများသွားရောက်ပြီး စစ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

ပဲခူးတိုင်းအတွင်းရှိ PDF ထိန်းချုပ်ထားသော စစ်တောင်းမြစ်ဝှမ်းဒေသသို့ NUG ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး တာဝန်ရှိ သူများသွားရောက်ကာ PDF တပ်ရင်း၊တပ်ဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စစ် ရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်သည်။

 

အဆိုပါ ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦး ကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန် တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပြီး PDF တပ်ရင်းတာဝန်ရှိသူများက မြေပြင်အခြေအနေများ၊ စစ်ဆင်ရေးအခြေအနေများ၊ PDF တပ်ရင်းများ၏ လိုအပ်ချက်များ ကို တင် ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခရီးစဉ်အတွင်း PDF များ စိုးမိုးထိမ်းချုပ်ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့လည်း သွား ရောက်လေ့လာခဲ့ကြပြီး PDF တပ်ရင်းများ၏ လတ်တလောလိုအပ်ချက်များအတွက် ဝန်ကြီးချုပ်ရုံး က ထောက်ပို့ကူညီမှုများပြုလုပ်ကာ အနာဂတ် စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက် များ အား အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

၄ နှစ်သား KNDF တပ်ဖွဲ့က ကရင်နီဒေသအတွင်း စစ်တပ်စခန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက် ခိုက်နိုင်ခဲ့သည့်အပြင် ကရင်နီလူမျိုးများ၏ ဘိုးဘွားပိုင်နယ်မြေများကိုလည်း ပြန်လည်သိမ်းပိုက်ရရှိ ထားမှု အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ ချီးကျူးဂုဏ်ပြု   သံလွင်မြန်မာသတင်း မေလ ၃၁   ၄ နှစ်သား...