NUG News

NUG News

နွေဦးတော်လှန်ရေးသည် ဒုတိယဖက်ဆစ်တော်လှန်ရေးဖြစ်ပြီး စုစည်းညီညွတ်စွာနဲ့ အပြီးသတ် အောင်ပွဲဆီသို့ ချီတက်ကြမည်ဟု NUG ၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ပြောကြား

 

D Day News

မတ်လ ၂၇

 

နွေဦးတော်လှန်ရေးသည် ဒုတိယဖက်ဆစ်တော်လှန်ရေးဖြစ်ပြီး စုစည်းညီညွတ်စွာဖြင့် အပြီးသတ် အောင်ပွဲဆီသို့ ချီတက်ကြမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

 

ယနေ့ မြန်မာပြည်သူများ ဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးသည် လွန်ခဲ့သည့် နှစ် ၇၀ ကျော် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဆင်နွှဲခဲ့သည့် ဖက်ဆစ်တော်လှန်ရေး၏ အဆက်ဖြစ် ကြောင်း၊ ဖက်ဆစ်ဆိုသည့် သလောက လူမျိုးခြား၊ ဘာသာခြားများကို မုန်းပြီး ကိုယ့်လူမျိုး မှ ကိုယ့် လူမျိုးဟူ၍ လူမျိုးကြီးဝါဒကျင့်သုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြား သည်။

 

“ကိုယ့်လူမျိုးအချင်းချင်းလည်း လက်နက်ကိုင် အုပ်စုဖွဲ့ပြီး အခွင့်ထူးခံကာ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုး တယ်။ ဒီလိုစိုးမိုးနိုင်ဖို့ မိမိတို့သာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်၊ မိမိတို့သာ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သူစတဲ့ ဆိုင်းပုဒ်တွေ ထောင်မယ်၊ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြု ဆက်ဆံမယ်။ ဒီဆိုင်းပုဒ်တွေရဲ့ နောက်ကွယ်မှာတော့ ထင်သလို ကိုယ်ကျိုးရှာတဲ့ အကျင့်ဆိုးတွေ တွေ့ရမယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆက်လက်ပြောကြားသည်။

 

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဟု ဆိုင်းဘုတ်တင်လိုက်ကတည်းက မြန်မာစစ်အုပ်စု သည် ဖက်ဆစ်အမွေခံများ ဖြစ်သည်ကို ဗြောင်ကျကျ ထုတ်ဖော်ကြေညာပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖက်ဆစ်ကို‌ တော်လှန်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူများ ဖက်ဆစ်ကျွန်ဘဝမှ လွတ်မြောက်စေရန် သမိုင်းပေးတာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

 

“ဒီကနေ့ ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ “ဒုတိယဖက်ဆစ်တော်လှန်ရေး” ဖြစ်တယ်လို့ ခံယူကြတယ်။ ဒုတိယဖက်ဆစ်တော်လှန်ရေးရဲ့ အလံတော်ကလည်း ၁၉၄၅ ပထမဖက်ဆစ် တော် လှန်ရေးရဲ့ အနီထဲက ကြယ်ဖြူပွင့် အလံတော်ကိုပဲ ဆက်ခံထားတာ ဖြစ်တယ်။ အနီထဲက ကြယ်ဖြူ ပွင့်ဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ တလုံးတစည်း စုစည်းညီညွတ်မှု ပြယုဂ် ဖြစ်ပါတယ်။ ဒီစု စည်းညီညွတ်မှုနဲ့ပဲ ပထမဖက်ဆစ်တော်လှန်ရေးကို အနိုင်တိုက်ခဲ့တယ်။ အခုလည်း အနီထဲကကြယ် ဖြူပွင့် အလံတော်ကို လွှင့်ထူရင်း အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြပါ မယ်။” ဟု NUG ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပြောကြားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...