NUCC News

NUCC News

အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြု

 

D Day News

ဧပြီလ ၉

 

အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် အပါအဝင် အချက် ၃ ချက်ကို ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံမှ ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ ကြောင်း NUCC က ထုတ်ပြန်သည်။

 

ဧပြီလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ဦးဆောင်ကျင်းပ သော ဒုတိယအကြိမ် ပြည်သူ့ ညီလာခံတွင် တက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ် ချက်များ၊ အဆိုပြုချက်များ၊ အကြံပြုချက် များထဲမှ အောက်ပါအချက် ၃ ချက်ကို ဆုံးဖြတ်အတည်ပြု နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(က) ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စ

 

မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားများ (ပအဖ၊ ပကဖ၊ ပလဖ) တို့ကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ စနစ်တကျ လုပ်ဆောင်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အ တွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများအကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်သော ယန္တရားများအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ရန်

 

(ခ) အကြမ်းဖက်စစ်တပ်၏ တရားမဝင် ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စ

 

အကြမ်းဖက်စစ်တပ်၏ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့် ယင်း ဥပဒေကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုများကို လူထုနှင့် တော်လှန်ရေးအင်အားစု အသီးသီး ပူးပေါင်း ၍ မဟာဗျူဟာမြောက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်

 

(ဂ) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) ကိစ္စ

 

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) သည် ဖျက်သိမ်းရမည့် ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ ညီလာခံကြီးမှ ဆုံးဖြတ်သည်အထက်ပါကိစ္စနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) အား ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလ ဥပဒေပြု ရေး အခန်း ၅ ၏ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်

 

စသည့်အချက် ၃ ချက်တို့ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကျန်ရှိသော ဆွေးနွေးအဆိုပြုချက်များကို ညီလာခံ၏ အဆိုပြုချက်များနှင့် သဘော ထားစုစည်း ချက်များ အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစု အဖွဲ့များမှ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

 

ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးသုံးသပ်ချက်များ၊ အဆိုပြုချက်များ၊ အကြံပြု ချက် များကို ညီလာခံမှ မှတ်တမ်းတင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံရေး ဦးဆောင်အစုအဖွဲ့များမှ ဖက်ဒ ရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း NUCC က ထုတ်ပြန်ထားသည်။

 

အဆိုပါ ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပုံမှန်ကျင်းပသွားမည်ဖြစ်ပြီး ယခု ဒုတိယအကြိမ် မြောက် ပြည်သူ့ညီလာခံသို့ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်နေကြသော အင်အားစုများမှ (က) ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ (ခ) နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ (ဂ) နွေဦးတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်များ (ဃ) တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ (င) ကြား ကာလ ပြည်နယ်/ဖက်ဒရယ် ယူနစ် ကောင်စီ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ညီလာခံ ကိုယ်စား လှယ် (၂၀၄) ဦး တက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပါဝင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ (၁၀၄) ဦး၊ လေ့လာသူ (၁၂၈) ဦးရှိခဲ့ပြီး တက် ရောက်သူများထဲတွင် အမျိုးသား ၆၄.၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၄.၃ ရာခိုင်နှုန်းနှင့် အခြား ၀.၈ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 


D Day  News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

PSLF/TNLA ၊ တအာင်းအမျိုးသားပါတီနှင့် တအာင်းအရပ်ဖက်အဖွဲ့စည်းများ ပူးပေါင်း၍ တအာင်း ပြည်ကောင်စီ - TLC ဖွဲ့စည်းလိုက်ပြီး မြန် မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်   သံလွင်မြန်မာသတင်း ဇွန်လ ၉   PSLF/TNLA ၊...