North Shan News

North Shan News

၁၀၂၇ ဒုတိယ လှိုင်း တိုက်ပွဲစတင်ချိန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) အပါအဝင် PDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်

 

D Day News

ဇွန်လ ၂၅

 

အကြမ်းဖက်စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား ပြန်လည်စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) အပါအဝင် PDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

 

ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းကို နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကနှင့်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနက် TNLA တပ်ဖွဲ့တို့ကြား ပြန်လည်စတင်ခဲ့ရာ နောင်ချိုမြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) လှုပ်ရှားဒေသတွင် TNLA တပ်ဖွဲ့နှင့်ပူးပေါင်းကာ တိုက် ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယနေ့ ဇွန်လ ၂၅ ရက် ရှမ်းမြောက်ဒေသ၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအဆက် ဒုတိ ယလှိုင်းကို ကြိုဆိုပြီး မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တို့ကလည်း အစွမ်းကုန် ပူးပေါင်းပါဝင်ကာ စစ်ဆင်ရေးကိုဆောင်ရွက်နေကြောင်း မိုးကုတ်ဗျူဟာ တပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။

 

၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခဲ့သည့် တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နှင့် ရက္ခိုင်(AA) တပ်များ သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်ခဲ့ရာ အဆိုပါ အပစ်ရပ်ပြီးနောက်ပိုင်း TNLA နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက် ပွဲပြန်လည်စတင်ခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင် လက်နက်ချရန် အရက္ခတပ်တော် -AA အသိပေးလိုက်သည်။ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စု ဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ် များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ...