ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ခေါင်းဆောင်ဆိုတာထက် နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်တစ်ဦးဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ခေါင်းဆောင်ဆိုတာထက် နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်တစ်ဦးဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၇

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ခေါင်းဆောင်ဆိုတာထက် နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည် ထောင်ခြင်း (၃၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ် နိုင်တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ လေးစားအားကျတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင် ခံ ထားလျက် ရှိပါတယ်။ ကျွန်တော်တို့အားလုံးအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်း နေ ကြဆဲ ဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များ မတရားဖမ်းဆီး ထိန်းသိမ်းခံ ထားရချိန် ပါတီ ကို ဦးဆောင်နေသည့် တာဝန်ရှိသူများအနေဖြင့် ပါတီကို စုစည်းအောင် လုပ်ဆောင်နိုင်သောကြောင့် နွေဦးတော်လှန်ရေး တစ်ခုလုံးအတွက် ခွန်အားဖြစ်ရကြောင်း အသိပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမိုင်းပေးတာဝန်များကို ဆက်လက်ထမ်းရွက်နေမည်ဟု ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် စစ်အာဏာရှင်စနစ်ကို သက်ဆိုး ရှည်အောင် အထောက်အပံ့ပေးသည့် (အတုအယောင်ရွေးကောက်ပွဲလို) လုပ်ရပ်များကို ဆန့်ကျင် သည့်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နွေဦးတော်လှန်ရေးအင်အားစုအားလုံးနှင့် တစ်သားတည်း တည်ရှိပြီး ဦးဆောင်ဦးရွက်ပြု ပါဝင်နေမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

“ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက် ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ် လုံးက ဆက်လက် အလိုရှိနေကြပါတယ်။ နွေဦးတော်လှန်ရေးမှာရှိတဲ့ အင်အားစု အားလုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့မှာ ခိုင်မာ တဲ့ နိုင်ငံရေးပဋိညာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါဝင် ဆောင်ရွက်မှုတွေဟာ ပြည်ထောင်စုအရေးတစ်ခုလုံးအတွက် အထူးအရေးကြီးပါတယ်” ဟု NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်အားလုံး အကြမ်းဖက်သမားများ အဖြစ် NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ကြေညာ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃၀ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စကမ အဖွဲ့ဝင်များအားလုံးသည် အကြမ်းဖက် သမားများ ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်ဟုခေါ်သော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက် အုပ်စု...