NLD News

NLD News

အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူ ၅ ထောင်နီးအနက် NLD ပါတီဝင် အမျိုးသမီးနှင့် က လေးငယ် ၁၂၀၀ ကျော်ပါဝင်ဟု NLD ပါတီက နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ

 

D Day News

စက်တင်ဘာလ ၂၈

 

အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုခံခဲ့ရသည့် ပြည်သူ ၅ ထောင်နီးပါးရှိသည့် အနက်  NLD ပါတီဝင် အမျိုးသမီးနှင့် ကလေးငယ်ပေါင်း ၁၂၀၀ ကျော်ပါဝင်ကြောင်း NLD ပါတီ၏ ၃၆ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်ကစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့အထိ ဥပ ဒေမဲ့ မတရား ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည် သူ ၄၈၆၈ ဦးတွင် NLD ပါတီအဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၇ ဦးနှ့င် အသက်မပြည့်သေးသည့် ကလေးသူငယ် ၃၉၅ ဦး၊ အမျိုး သမီး ၇၁၁ ဦး စုစုပေါင်း ၁၂၁၅ ဦး ပါဝင်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ နေ့တွင် ကျရောက် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ် အခမ်း အနားသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

 

အကြမ်းဖက် စစ်ကောင်စီက ပြည်သူ ၈၃၃ ဦး၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခဲ့ပြီး ထိုသို့ ချိတ်ပိတ်မှု ကြောင့် နစ်နာဆုံးရှုံးမှုပေါင်း ၁၀၁၄ ဦးရှိကြောင်း၊ ယင်းတို့အနက် NLD ပါတီဝင် ၄၄၉ ဦးပါဝင်ပြီး ဆုံးရှုံးမှုပေါင်း ၅၆၃ ခုရှိ ကြောင်း၊ ထို့အပြင် NLD ပါတီ ဗဟိုရုံးချုပ်ကို ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံး များတွင် ၁၅ ကြိမ်၊ ခရိုင်ရုံးများတွင် ၆ ကြိမ်၊ မြို့နယ်ရုံးများတွင် ၁၁၃ ကြိမ်နှင့် ရပ်ကျေးရုံးများတွင် ၂၈ ကြိမ် စုစုပေါင်း ၁၆၅ ကြိမ် ရိုက်ချိုးဖျက်ဆီးကာ ဝင်ရောက်ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ‌များကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၈,၁၇၄ ဦး ရှိပြီး၎င်းတို့အထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး၊ အဖွဲ့ချုပ်ပါတီဝင် ၂,၂၄၈ ဦး ရှိပြီး  လက်ရှိဖမ်းဆီးခံထားရသူများအနက် အသက်မပြည့်သူ ကလေးသူငယ် ၂၅၉ ဦးနှင့် အမျိုး သမီး ၂,၁၅၃ ဦး ပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့နေအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှု တို့လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ ကောက်ခံရရှိသော အချက်အ လက်များအရ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄,၈၆၈ ဦးရှိကြောင်း၊

ထို့အပြင် ပြည်သူ နေအိမ်ပေါင်း ၇၃,၀၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့သို့ မီးရှို့မှုများအနက် အချို့ကျေးရွာများမှာ အကြိမ်ကြိမ်အထပ်ထပ်မီးရှို့ဖျက်ဆီးခံရမှု ရှိပြီး ထိုသို့ အကြိမ်ကြိမ် အထပ်ထပ် မီးရှို့မှု အကြိမ်ပေါင်း ၁,၈၁၀ ကြိမ် ရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ရာဇဝတ်မှုများဖြစ်သည် လက်နက်ကြီး၊ လက်နက်ငယ်‌များဖြင့် ပစ်ခတ်သတ်ဖြတ်မှု အကြိမ်ပေါင်း ၈၀၄ ကြိမ်ရှိပြီး အပြစ်မဲ့ပြည်သူ ၆၉၉ ဦး သေဆုံးခဲ့ရသည့်အပြင် ၁,၇၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၈၂ ကြိမ်တွင် အရပ်သားပြည်သူ ၇၂၈ ဦး သေဆုံး ပြီး ၆၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူ‌များနေထိုင် ရာ ရပ်ရွာ‌၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း‌၊ ဘာသာရေးအဆောက်အဦး၊ စစ်ရှောင်စခန်းများကို စစ် လေယာဉ်၊ လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ကျူးလွန် ခဲ့ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှု များရှိခဲ့ ကြောင်း NLD ပါတီ၏ ၃၆ နှစ်ပြည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

Photo – စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးဖျက်ဆီးခြင်း ခံရသည့် အညာဒေသနေအိမ်များ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး...