Ngazun News

Ngazun News

မြို့သာမြို့စက်မှုဇုန်ရှိ လက်ဖက်ရည်ဆိုင်နေသော ငါးဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ်တစ်လက်၊ လက်ပစ်ဗုံး ၃ လုံးအပါအဝင် အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၂၉

 

မန္တလေးတိုင်း၊ မြို့သာမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ငါးဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက် ဆွေကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်‌ နောက်လိုက်တစ်ဦး အရပ်ဝတ် ဖြင့် ဆိုင်ကယ်စီးထွက်လာပြီး မြို့သာ မြို့စက်မှုဇုန်အတွင်းရောက်ရှိလာကြောင်း သတင်းအရ စောင့် ဆိုင်းနေစဉ် မြို့သာမြို့ စက်မှုဇုန်အတွင်းမှ ထွက်လာပြီး မြို့သာမြို့လက်ဖက်ရည်ဆိုင်တွင် ထိုင်နေ သည် တွေ့ရှိသဖြင့် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ငါးဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဆွေမှာ နေရာ မှာပင်ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်း၏နောက်လိုက်တပည့်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

သေဆုံးသူ ရဲမှူး သက်ဆွေထံမှ G3 အမျိုးအစား သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်ထိပ် တစ်ခု၊ ဖုန်းတစ်လုံး ၊ လက်ရိုက်တုတ် တစ်ချောင်း ၊ မှတ်ပုံတင် ၊ ဓာတ် ပုံနှင့် စာရွက်စာတမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို နဂါနီးပြောက်ကျား တပ်ဖွဲ့ မြင်းခြံ တပ်ဖွဲ့ဝင်များက ငါန်းဇွန်-မြို့သာ လမ်းပိုင် မြို့သာနယ်အတွင်း ကင်းပုန်းဝပ် စောင့်ဆိုင်းကာ လိုက်လံရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...