Ngazun News

Ngazun News

နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသ လိုက်ပါသောကားကို စစ်တပ်ကင်းလှည့်ကားက ပစ်ခတ်ခဲ့ဟု တိုင်းသာသနာရေးဦစီးရုံးက ဝန်ခံ

 

D Day News

ဇွန်လ ၁၉

 

 

နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသလိုက်ပါသော ကားကို စစ်တပ်ကင်းလှည့်ကားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတော် ပျံလွန်တော်မူသွားကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးရုံးက ဝန်ခံထားသည်။

 

ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဆရာတော် (၂)ပါးတို့ သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးတွင် အကြို ညှိနှိုင်း ဆောင်ရွက်ရန် ရန်ကုန်မြို့မှ လေယာဉ် ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြွရောက်လာခဲ့ရာ တံတားဦးလေဆိပ်သို့ရောက်ရှိပြီး ကံသုံးဆင့်ဆရာတော်၏ ဒါယိကာမမှ ဆွမ်းကပ်ကာ ကံသုံးဆင့် ဆရာတော်ဇာတိ ဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဝင်းနေမိတ္တာရုံဆရာတော်မှ ကားရှေ့ခန်းမှထိုင်လျက် ကံသုံးဆင့် ဆရာတော်မှာ ကားနောက်ခန်းမှ လိုက်ပါခဲ့သည်ဟု ဆိုသည်။

ထို့သို့ လိုက်ပါလာစဉ် မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် လုံခြုံရေးကင်းလှည့်နေသူများနှင့် တွေ့ရှိ၍ ကားကိုရပ်တန့် ခိုင်းရာ မှန်မချပဲ ကားကိုမောင်းနှင်သည့်အတွက် လုံခြုံရေးကင်းလှည့်နေသူများမှ ကားကို ပစ်ခတ်ခဲ့ရာ ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် အခင်းဖြစ်ရာနေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း၊ ကားသမားမှာ လက်ခြေတို့၌ ကျည်ဆံထိမှန်ခဲ့ကြောင်းနှင့် ဘဒ္ဒန္တဂုဏိကာဘိဝံသမှာ ပွန်းပဲ့ဒဏ်ရာ အ နည်းငယ်သာ ရရှိခဲ့ပြီးလက်ရှိတွင် ပန်းချီကမ္မကျေးရွာ၌ ယာယီသီတင်းသုံးလျက်ရှိကြောင်း မန္တလေး တိုင်း သာသနာရေးဦးစီးဌာနရုံ၏ အထက်သို့တင်ပြစာတွင် ဖော်ပြထားသည်။

 

ထိုသို့ တိုင်းသာသနာရေးဦးစီးဌာနက ဝန်ခံထားသော်လည်း အကြမ်းဖက်စစ်လောဘီမီဒီယာများက PDF တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူရသည်ဟု ဝါဒဖြန့်လျက်ရှိသည်။

 

လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ ရုပ်ကလပ်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး၊ ၈၈၈၈ အရေးတော်ပုံနှစ် ၃၀ ပြည့် ကျောက်စာတိုင်ကိုလည်း ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၁၁   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ သုဓမ္မာ ဓမ္မာရုံတွင် စခန်းချထားပြီး...