Ngazun News

Ngazun News

ငါးဇွန်မြို့နယ်အတွင်းလှည့်လည်နေသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး

 

D Day News

မေလ ၆

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း လှည့်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပကဖထံမှ သိရသည်။

 

ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ငါးဇွန်မြို့နယ် နတ်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် မေလ ၂ ရက် နေ့ ညပိုင်းတွင် နတ်ကြီးရွာနှင့် ကျီကုန်းရွာကြား၌ အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၄ ရက် နံနက် ၈ နာရီကျော်တွင် ရေဇင်းရွာမှ မြေတိုင်ရွာသို့ ထွက်လာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေ ဆုံးပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို CDSOM မြောင်အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ငါန်းဇွန်မြို့မှ စစ်ကူလာသည့် ခြေလျင်စစ်ကြောင်းကို ညောင်လေးပင်တဘောင်လမ်း အ ရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး စစ်သားအချို့ ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်- ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျား အဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့နှင့် အားမာန်သစ်ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...