ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ၌ တိုက်ပွဲ၌ PDF ရဲဘော်ကို ကိုယ်လူ့ထင်ပြီးမှားခေါ်မိတဲ့ စစ်သား ၇ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်ကူကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
D Day News
မေလ ၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ၌ တိုက်ပွဲ၌ PDF ရဲဘော်ကို ကိုယ့်လူထင်ပြီး မှားခေါ်မိတဲ့ အကြမ်းဖက်စစ်သား ၇ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး နှင့်လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာသို့ ရောက်ရှိနေ သော အကြမ်းဖက်စစ်သား ၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပေ ၂၀ ခန့်အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ကို့ဘက်ကတော့ ဆိုင်ကယ် ၂စီးမှလွဲပီး ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါဘူး။ မြေတိုင်းရွာ အတွင်းပေ ၂၀ ခန့်အကွာ ထိပ်တိုက်တိုးချိန် စစ်ကောင်စီက လက်နက်ခြင်းတူတာကို သူတို့လူထင်ပီး ရဲဘော် အစိ ကို ငါ့ကောင် ဒီဘက်လာ ဒီဘက်လာလို့ခေါ်နေချိန် ရဲဘော် အစိကနေ ၄၀ မမတစ်လုံးပစ်သွင်း ပြီး ဂန်းငယ်နဲ့အော်တိုမွှေ့လိုက်တဲ့အချိန် စခ ၇ ကောင်နေရာမှာပဲ ဘဝပြောင်းသွားပါတယ်” ဟု CDSOM မှာ ကိုနွေဦး (မြောင်) က ပြောကြားသည်။
ထို့အပြင် နံနက် ၉ နာရီကျော်တွင် မြေတိုင်းရွာ တိုက်ပွဲအတွင်း ငါန်းဇွန်မြို့မှ စစ်ကူလာသည့် ကား ၂ စီး ကို ညောင်လေးပင်တာဘောင်ပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM ငါန်းဇွန်တပ်ခွဲ NRF နှင့် ငါန်းဇွန်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မြစ်ဆိပ်သို့ ဆင်းသွားပြီး ယနေ့ မေလ ၅ ရက်နံနက်ပိုင်း တွင် ဆီမီးခုံမြို့ဘက်သို့ ကူးကာ နောက်ထပ်စစ်ကြောင်းများလည်း ထပ်မံလှုပ်ရှားလာရန် အခြအနေ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ အတွင်း အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဒရုန်းပစ္စည်းအချို့နှင့် ကျည်အချို့ ဝယ်ယူ နိုင်ခဲ့ပြီး မေလ ၁ ရက်နေ့တွင် ဆီမီးခုံမြို့ဘက်မှ မြောင်မြို့နယ်အတွင်းဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများကို လိုက်လံတိုက်ထုတ်ခဲ့ရာ မေလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်သားများ တပ် ဆုတ်ပြေးသွားပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်) က အသိပေးထား သည်။
D Day News