Nga Phe News

ငဖဲမြို့နယ်၊ ကျောင်းကုန်းရွာဟောင်းရှီ ကပစ ၁၄ ဂိတ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး(ရုပ်သံ)

 

D Day News

ဇွန်လ ၂၂

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိအကြမ်းဖက်စစ်တပ် ကပဖ ၁၄ ဂိတ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးခဲ့‌ကြောင်း CDF – Asho ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ခန့်က ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ အကြမ်းဖက်စစ်တပ် ကပစ ၁၄ ဂိတ်ကင်းစခန်းကို အပြီးသတ်သိမ်းပိုက် ရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း သိရသည်။

https://youtu.be/IFGjHO0omlg

“စစ်ခွေး ၂၀ နဲ့ ၃၀ ကြားရှိတယ်ဆိုပြီး စုံစမ်းသိရှိရတာ။ တကယ်သွားတိုက်တော့ ၃၀ ကျော်လောက်ရှိ တယ်။ စတုန်းကတော့ နာရီလောက်ပဲ မှန်းထားတာ။ ဒါပေမယ့် တိုက်ရတဲ့နာရီတွေက ကြာလာတာ၊ ကြာလာတဲ့အချိန်မှာ ၂ နာရီ နီးပါးလည်းဖြစ်လာတဲ့အကျတော့ စခန်းမသိမ်းနိုင်ပဲ ပြန်ဆုတ်လာခဲ့ရ တာ။ စစ်ဆင်ရေးရည်မှန်းချက်အနေနဲ့ သွားတုန်းကတော့ စခန်းသိမ်းဖို့သွားတာ။ လက်နက်ရရှိမှု တော့မရှိဘူး၊ သူတို့ဗဟိုကင်းဂိတ်တွေထဲက စကားပြောစက်လောက်လေးပဲ ရခဲ့တာပါ” CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုချင်းက ပြောကြား သည်။

 

အထိနာသော အကြမ်းဖက်စစ်သားများဘက်က လေကြောင်းထောက်လှမ်းခြင်း၊ လက်နက်ကြီး ပစ် ကူများ ဆက်တိုက်ပစ်ခတ်လာခြင်းတို့ကြောင့် အပြီးသတ် အကြမ်းဖက်စစ်တပ် စခန်းသိမ်းပိုက်နိုင် ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chin Defence Force – Asho နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မ တော် စစ်ကြောင်း – APDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ပြည်သူတွေပူးပေါင်းပါဝင်တယ်ဆိုရင် ဒီထက်ပိုပြီးတော့ စစ်သတင်းထောက်လှမ်းရမှုအပိုင်း အဆင် ပြေမယ်၊ ပြီးတော့ တော်လှန်ရေးကာလလည်းကြာမြင့်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ စကစ ဘက် မှာနေတဲ့သူတွေဖြစ်ပါစေ၊ အကြောက်တရားတစ်ခုကြောင့် နေရသည်ဖြစ်စေ အတတ် နိုင်ဆုံး ကင်း ကွာအောင်နေပေးဖို့၊ စိတ်နဲ့တော့ ကျနော်တို့ဘက်ကို ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း ချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...