Naypyitaw News

Naypyitaw News

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး အရေးပေါ် အကူအညီများများ လိုအပ်နေ

 

D Day News

စက်တင်ဘာလ ၁၄

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောာင်ကိုင်းအုပ်စု၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ် သွားပြီး အရေးပေါ်အ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

စက်တင်ဘာလ ၁၁ ရက်နေ့ကစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ ဖောင်း တောကျေးရွာတစ်ရွာလုံးရေနစ်မြှုပ်သွားပြီး နေအိမ် ၁၀ လုံး၊ ၅ နွားကောင်ရေထဲမျောပါသွားကာ တိုက်အိမ်အချို့နှင့်မြေစိုက်အိမ်အချို့အတွင်းထဲ၌ ရေနွံများ ၃ ပေကျော်နစ်မြုပ်ကျန်ခဲ့ကာ ကျေးရွာ နေပြည်သူ ၁၀၀ ကျော်မှာ ဖောင်တော်ဦးဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေထိုင်ကြရကြောင်း သိရ သည်။

“အရေးပေါ်အကူအညီကတော့ ဘယ်ကမှ မလာဘူး၊ အခြားဆီမှာရှောင်နေရတာတော့မရှိဘူး။ အိမ် ကို ပြန်သွားနေကြည့်ကြသူတွေရှိတယ်၊ ရေလာတယ်ဆိုရင်တော့ ကျောင်းပြေးလာကြတာပေါ့၊ အိမ် မှာသာနေနေကြတာ၊ စားစရာထင်းလည်းမရှိဘူး။ မီးလည်းမရဘူးဆိုတော့ အခက်အခဲတွေကြီးပဲပေါ့။ ကူညီရေး အဖွဲ့အစည်းတွေလာဖို့ကလည်း မကျည်းပင်နားမှာ ရေတွေက များနေတော့ ကားနဲ့လာမရ၊ လှေနဲ့လည်းလာမရဖြစ်နေတာ။ လူတွေပါသွားတာ ဒီမှာက မရှိဘူး” ဟု ဖောင်တော်ဦးကျောင်း ဆရာ တော်က မိန့်ကြားသည်။

 

ဖောင်းတောကျေးရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး ဘုန်းကြီးကျောင်း အုတ်တံတိုင်းများ၊ အိမ်ခြံဝင်း စည်းရိုးတိုင်များ၊ ဓာတ်တိုင်များ၊ ကျေးရွာတံတားထိပ် ချဉ်းကပ်လမ်းနှင့်မြေစိုက်အိမ်များမှာ ပုံလဲ ပျက်စီးသည့်အပြင် စပါးခင်းများ၊ သီးနှံခင်းများလည်း ပျက်စီးခဲ့ကြောင်း၊ ယခုအခါရေကျသွားပြီဖြစ် ပြီး ကျေးရွာအတွင်း ရေစီးမြောင်းများ၊ နွံပြင်အိုင်များ ကျန်နေရစ်ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာရွာ၊ မကျည်းပင်ရွာ၊ သစ်ဆိပ်ပင်ရွာ၊ တောင် ပို့ စာရွာ စသည်တို့မှ ရေထဲမျောပါသေဆုံး သူ ၂ ဦးတွေ့ရှိပြီး အသက်ရှင်လျက်ကယ်ဆယ် လိုက်ရ သူများလည်းရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...