Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော်အေလာလေဆိပ်ကို ၁၀၇ မမ ရှော့ဒုံး ၇ လုံးဖြင့်တိုက်ခိုက်လေတပ်အရာရှိနှင့် တပ်သားအချို့သေဆုံး၊ အများအပြားဒဏ်ရာရရှိ

 

D Day News

ဧပြီလ ၁၁

 

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့် တပ်သားအချို့ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့်တပ်သားအချို့သေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုတိုက်ခိုက်မှုသည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျှင်တော် လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေ ပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက် မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ် အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်း တစ်ခု ဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးအကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိကပြေး ပေါက်လည်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော် ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသက ထုတ်ပြန်သည်။...