Nay Pyi Taw News

Nay Pyi Taw News

အကြမ်းဖက်စစ်ခေါင်းမင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်နှင့်‌အေလာလေတပ်တို့ကို အသေခံဒရုန်းများ ဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဧပြီလ ၄

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို အသေခံ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက D Day News သို့ပြောကြားသည်။

 

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို ၁၂ စီး အသုံးပြုကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒရုန်းလေယာဉ်များကို ပြန်လည်ခေါ်ယူခြင်းမပြုပဲ တစ်ခါတည်းထိုးစိုက်ကာ ဗုံးကြဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ အသေခံဒရုန်းလေယာဉ်များဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

 

“ပေါက်ကွဲမှုကတော့ရှိတယ်၊ နည်းနည်းဆော်ခဲ့မဟုတ်ဘူး အများကြီး ဆော်ခဲ့တာ။ ထိခိုက်ပျက်စီး မှုကတော့ အတိအကျ မသိရသေးဘူး၊ လေယာဉ်တွေ ပြန်မခေါ်ပဲ တစ်ခါတည်း ထိုးစိုက်ကျဲချခဲ့တာ၊ တိုက်ခိုက်ရေးရဲဘော်တွေလည်း ဘေးကင်းပြီ” ဟု Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက D Day News သို့ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

“အဓိကတော့ မင်းအောင်လှိုင်ဘယ်နေရာမှာပဲရှိရှိ မင်းအောင်လှိုင်ရှိတဲ့နေရာကို ပြည်သူ့ကာကွယ် ရေးတပ်သားတွေက လုပ်မှာပဲ၊ ဒီလောက်ရက်ရက်စက်စက် ကလေးသူငယ်မရှောင်၊ ဘုန်းကြီး ကျောင်းမရှောင် အားလုံးကို ပြည်သူလူထုကို ဒီလောက်ကြီးအထိ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ မင်းအေင်လှိုင် ပြေးစရာနေရာမရှိပါဘူး” ဟု Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...